အားနာစိတ်နဲ့မျက်ရည်ဝဲလာပေမဲ့ ဆတ်ခနဲပွေ့ချီ ခံလိုက်ရမှုနဲ့အတူ နွေးထွေးတဲ့ရင်ခွင်တစ်စုံထဲ
ရောက်ရှိသွား၏။ခေါင်းကိုပွတ်သပ်ပေးနေတဲ့
အန်ကယ့်လက်တွေကြောင့် ရေချယ့်မျက်ရည်တွေကထပ်ပြီးကျဆင်းလာသည်။ရင်ခွင်ကျယ်ကြီးဆီ မျက်နှာအပ်ပြီး ငိုချလိုက်တော့ ကျောပြင်ကိုပုတ်ပေးတဲ့လက်တွေက နွေးထွေးသည်ထပ်လည်းကျော်လွန်၏။

"အန်ကယ် အီးးဟီးးး မာမီနဲ့ဒယ်ဒီက ဘာဖြစ်လို့ အဲ့လိုမျိုးလုပ်ရတာလဲ၊ဘာလို့မုန်းတာလဲ၊ ရေချယ်ကသူတို့သမီးမဟုတ်လို့လား"

"ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးကို မမုန်းပါဘူးကလေးရဲ့။သူတို့မှာလည်း အကြောင်းတစ်ခုခု..."

"ဟင့် လိမ်ပြန်ပြီ။အန်ကယ် ကိုကို့ကိုပြောနေတာတွေ အကုန်ကြားလိုက်ပါတယ်ဆို ဘာလို့ထပ်ပြီး
လိမ်နေရတာလဲ"

"ကလေးရယ်"

"သိတယ် မာမီနဲ့ဒယ်ဒီက ရေချယ့်ကိုမချစ်ဘူး"

"ကိုယ်ချစ်တယ်လေ။မီးငယ်ကိုချစ်တဲ့ ကိုယ်တစ်ယောက်လုံးရှိနေတာကို ဝမ်းနည်းနေသေးတာလား"

"အများကြီးချစ်တာလား"

"အင်းပေါ့ အများကြီးချစ်တာ"

"ဒါပေမဲ့ ရေချယ်က ဆိုးတယ်လေ"

"မီးငယ်"

"ဟိုက်"

"ကိုယ့်ကိုကြည့်ပါအုံး"

မေးဖျားလေးကိုဆွဲမော့လိုက်တော့ မျက်ဝန်းကြည်ကြည်လေးတွေနဲ့ သူ့ထံကြည့်လာသည်။

"မီးငယ် လိမ္မာလို့ကိုယ်ကချစ်တာလား။ငယ်ငယ်ထဲက လူဆိုးမလေးဖြစ်ခဲ့တဲ့ကလေးလေးကို
ချစ်လာတာ မီးငယ်အသိ"

"ဟိုက်"

"အဲ့တော့ မီးငယ်ဆိုးရင်တောင် ကိုယ့်ကိုချစ်လို့ဆိုးတယ်လို့ပဲသတ်မှတ်ထားတယ်။မီးငယ်က
အဲ့လိုမျိုး မဟုတ်ဘူးလား"

"အဟိ ဟုတ်တယ်လေ"

"ဒါကိုဘာဖြစ်လို့ အားနာတယ်တွေပြောနေရတာလဲကလေးရဲ့။ဘယ်လောက်ပဲဆိုးဆိုး ချစ်နိုင်တာကိုမီးငယ်အသိဆုံးလေ...ကိုယ်ကမီးငယ်ကိုအချစ်ဆုံးပါ။အရေးမပါတာတွေကို ဒီခေါင်းသေးသေးလေးပြည့်နေအောင်ထည့်မထားနဲ့လေ..ကိုယ်ချစ်တာကိုပဲသိရင် ရပြီ။မီးငယ်မှာဘာအပြစ်မှမရှိဘူး ဟုတ်ပြီလား"

HUSBAND:DaddyWhere stories live. Discover now