ငြိမ်ငြိမ်လေးထိုင်နေတဲ့မီးငယ်ကို ဆတ်ခနဲပွေ့ချီကာ သူ့ပေါင်ပေါ်တင်၏။မီးငယ်လက်ကလေးတွေကိုဆွဲယူကာ သူ့ရင်ဘတ်ဆီကပ်လိုက်ပြီး...

"ရင်တွေခုန်နေတာ ကြားရလား"

"ဟင် ! ဘာကိုလဲ"

"နှစ်ယောက်ထဲနေရတော့မှာဆိုတော့လေ ။ကိုယ်မီးငယ်ကို တစ်ခုခုများလုပ်လိုက်ရရင်"

"ဘာလုပ်ချင်လို့လဲ"

"နည်းနည်းလောက်နမ်းမလို့"

"စိတ်ညစ်တယ်"

ခပ်တိုးတိုးလေးဆိုပေမဲ့ မီးငယ်အသံကို ကြားဖြစ်အောင်ကြားလိုက်ရသေးသည်။စိတ်ညစ်တယ်တဲ့။အင်းပေါ့ ... ၄ယောက်အတူရှိနေတာကတောင် မီးငယ်အတွက် စိတ်ထွက်ပေါက်ရအုံးမှာ၊အခုက သူနဲ့မီးငယ် ၂ယောက်ထဲဆိုတော့ ကလေးက စိတ်ညစ်ရှာပြီပေါ့။

သို့သော် သူကလည်းမျက်နှာပြောင်တိုက်ကာ
မီးငယ်ပါးလေးကိုနမ်းလိုက်သေးသည်။ပြီးမှ မျက်နှာငယ်လေးအသွင်ဖမ်းပြီး မီးငယ်ကိုကြည့်လျက်...

"ကိုယ့်ကို ခွင့်မလွတ်နိုင်ဘူးဆိုတာသိပေမဲ့ မီးငယ်ဆီက ခွင့်လွတ်မှုကိုရဖို့ ကိုယ်ကြိုးစားချင်သေးတယ်၊ဟင် ! ကိုယ့်မှာ အဲ့လောက်တောင်
အခွင့်အရေး မရှိတော့ဘူးလား... မီးငယ်အတွက် ကိုယ်ကစိတ်ညစ်စရာကြီးဖြစ်နေပြီလားကလေးရယ်"

".... "

"မီးငယ်ဆီက အန်ကယ်လို့ခေါ်သံလေးကြားရအောင် ကိုယ်ဘာလုပ်ရမလဲ ကလေး။ဟင် ! မီးငယ်နဲ့ အရင်လိုအခြေအနေမျိုးပြန်ရအောင် ကိုယ်ဘယ်လိုလုပ်မလဲ"

မီးငယ်ခေါင်းလေးကိုဆွဲယူကာ သူ့ရင်ခွင်ထဲဖိကပ်လိုက်ရင်း ထင်လင်းသိုက်ရဲ့မျက်နှာက ခုနကနဲ့ကွဲသွားကာ အပြုံးတစ်ခုကအစားထိုးဝင်ရောက်လာသည်။ဒီလောက် မျက်နှာပြောင်တိုက်ပုံနဲ့ ဒရမ်မာခင်းနေပုံနဲ့ဆို နောက်နှစ် အကယ်ဒမီဆုကတော့ သူ့ရမှာ သေချာသလောက်ဖြစ်နေပြီ။

အခုပဲကြည့်လေ သူ့ရဲ့မျက်နှာပြောင်တိုက်မှုက
အောင်မြင်တယ်လို့ပြောလို့ရတယ်။မီးငယ်က
သူ့ရင်ခွင်ထဲမှာပဲ သူချော့သလိုကိုနားထောင်နေတာ အခြေအနေကအဆိုးကြီးမဟုတ်သေးပါဘူး။

HUSBAND:DaddyWhere stories live. Discover now