𝖯𝖺𝗋𝗍 (38)

Start from the beginning
                                    

" မင်းတို့ကိစ္စ ငါ့ကိုအကုန်ပြောပြ... တစ်ခုတောင် ချန်မယ်မစဉ်းစားနဲ့!!.. မင်းက ဘယ်လိုလုပ် လက်ခံလိုက်တာလဲ..."

ထယ်ယောင်း၏ဘေးမှာ တတွတ်တွတ်နှင့်မသိမရခြင်း ကပ်ပါးကောင်လိုကပ်တွယ်ရင်း အမေးထုတ်နေပါသည့် ဂျီမင်းကြောင့် ထယ်ယောင်းမှာ သူ့သူငယ်ချင်းသိလိုသမျှကိုဖြေပေးရသည် ။

" ဒါနဲ့.. နှစ်ဖက်မိသားစုမိသားစုတွေ့ဆုံပွဲက မလုပ်ရသေးဘူးမလား..."

" အင်း... ငါ ဒီကိစ္စကို ဒေါ်လေးတို့ကို မပြောပြရသေးဘူး..."

နားနေခန်းမှာ ထယ်ယောင်းသည် ဂျီမင်းထံ သူ့၏အခက်အခဲအကြောင်းအရာတစ်ချို့ကို ဖွင့်ဟမိသည် ။

" ဒေါ်လေးက ဘယ်လိုတုံ့ပြန်မလဲဆိုတာလည်း ငါ မသိဘူး... လိုက်တွေ့ပေးချင်ပါ့မလားဘဲ..."

" ရား.. အဲ့ဒါတွေကို စိတ်ထဲထားမနေနဲ့.. လက်ထပ်မှာက မင်းနဲ့ သူဌေးဂျွန်လေ... သူတို့လိုက်တွေ့ပေးပေး... မပေးပေး.. မဂ်လာပွဲက ဖြစ်မြောက်မှာပဲ... သူဌေးဂျွန်တို့ဘက်ကလည်း အဲ့ကိစ္စကို ဗွေလုံးဝယူမှာမဟုတ်ဘူး... အသိကတော့ ပေးလိုက်ပေါ့.. လာတာမလာတာက.. မင်းရဲ့ဒေါ်လေးအပိုင်းလို့ပဲတွေးလိုက်.. ဟုတ်ပြီလား..."

" အင်း...."

ဂျီမင်းက ထယ်ယောင်းအခက်အခဲတွေကို ယုံယုံကြည်ကြည်နှင့် ဖွင့်ပြောပြနိုင်သည့်တစ်ဦးတည်းသော သူငယ်ချင်း ။
အခုကိုလည်း ထယ်ယောင်း ရှုပ်ထွေးနေရသည့်စိတ်အစဉ်သည် ဂျီမင်း၏အကြံပေးမှုကြောင့် ပြေလျော့သွားခဲ့ရပြန်ပြီ ။

ဂျီမင်းပြောသလိုပင် လာတာမလာတာက ဒေါ်လေး၏အပိုင်းဖြစ်၍ ထယ်ယောင်းကတော့ သူဌေးဂျွန်နှင့်ကိစ္စကိုအသိပေးရန်အတွက် ဆုံးဖြတ်ချက်ချလိုက်သည် ။

ညနေ တာဝန်ချိန်ပြီးသည့်အခါ ထယ်ယောင်းကိုလာစောင့်ကြိုနေပါသည့် သူဌေးဂျွန်သည် ထယ်ယောင်းကဆေးရုံထဲကနေထွက်လာခဲ့မှ သူသည်လည်း ဆေးရုံ့အရှေ့ဆိုက်ရပ်ထားသော ကားအရှေ့ခန်းကနေ ဆင်းလာသည် ။

ထယ်ယောင်းသည် သူဌေးဂျွန်ကို အပြုံးလှလှလေးနှင့် နှုတ်ဆက်လိုက်ရင်း သူဌေးဂျွန်ရှိရာဆီသို့ ဦးတည်လိုက်သည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now