part(26)

86 2 0
                                    

"မင်းထက်မိန်းကလေး မှန်းသိသွားမှာအဲ့လောက်ကြောက်လား !!!!!"

မြတ်က လက်သီးကိုတင်းတင်းဆုတ်ကာ အက်ကွဲနေသောလေသံဖြင့်ဘွားမေအား ပြောလိုက်သည်။

"ကြောက်တယ် နင့်အမေကိုလည်းကြောက်တယ် အထူးသဖြင့် နင်ကြီးလာလေ ထက်မြတ်တဲ့ နင့်အမေနဲ့ပိုပိုတူလာကိုပဲ ငါအထူးကြောက်မိတယ်
ငါကိုသစ္စာဖောက်ပြီးဒီစံအိမ်ကသခင်လေးနဲ့ ကြိုက်ခဲ့တာ ငါကြိုက်နေတာသိရဲသားနဲ့ နင့်အမေလုခဲ့တာ...ငါမုန်းတယ် နင့်အမေကိုရောနင့်ကိုရောမုန်းတယ်"

မြတ်အမေနဲ့ ဘွားမေက ငယ်သူငယ်ချင်းတွေဆိုတာက လွဲရင်ကျန်တာမြတ်သေချာစွာမသိ။အခုပြောသလိုဆို ဘွားမေက ဘာတွေကြံစည်နေခဲ့ဝာာလဲ။ဘာကိစ္စတွေဖြစ်ခဲ့လို မြတ်မိန်းကလေးဆိုတာ လူသိမခံချင်ခဲ့ရတာလဲ။မြတ်ငယ်ငယ်က ဘွားမေကိုမလွန်ဆန်ရဲတာရယ် ငယ်သေးတာကြောင့် ဘွားမေရဲ့ ရုပ်သေးလေးလို့
ပြောသလိုနေ ခိုင်းသလိုလုပ်နေခဲ့ရတာ။အခုတော့ ဒါတွေက စဉ်းစားကြည့်လေ မြတ်အပေါ် မတရားမှန်းနားလည်လာခဲ့သည်။

"ဒါတွေက အမေနဲ့ဘွားမေတို့ကြားဖြစ်ခဲ့တာတွေပဲ မင်းထက်နဲ့ဘာဆိုင်လို့လဲ....!!!"

"သိပ်ဆိုင်တာပေါ့ ငါသခင်လေးကိုရခဲ့တာတောင်သခင်လေးက မြတ်မှ မြတ်
တစ်မြတ်တည်း မြတ်ခဲ့တာ ဒီစံအိမ်ရဲ့နာမည်တောင်မြတ်သုခ ဆိုပြီးပြောင်းခဲ့ဝာာ နောက်ဆုံး သခင်ကြီးဆူံးသွားတာတောင်မြတ်မွေးတဲ့ သမီးလေးကို
မြင်ချင်ပါသေးတယ်...မြတ်နဲတူတဲ့သမီးလေးကို သူအမွေအားလုံးလွဲပေးပါမယ်ဆိုပြီး ပြောခဲ့တာ..."

"ဘွားမေဘာကိုဆိုလိုတာလဲ..??"

"သခင်လေးက မြတ်မိန်းကလေးမွေးရင် သူ့အမွေတွေအားလုံးပေးဖို့ပြောခဲ့တယ်.....ဘယ်တော့မှ မင်းဒီစံအိမ်ပိုင်ရှင်မဖြစ်စေရဘူး ငါကသာစံအိမ်ရဲ့
ပိုင်ရှင်ပဲ..."

အခုမှမြတ်နားလည်သွားတော့သည်။
ဒါဆို မြတ်ကို ဟန်ဆောင်ထားခိုင်းတာ
ဒါတွေကြောင့်လား။မေမေ့ကို မြတ်မမြင်ဖူးပါ။မေမေက မြတ်မွေးကတည်းကဆုံးသွားတာလို့ ဘွားမေ‌ကပြောခဲ့တာပဲ။ဘွားမေက အမွေအားလူံးမက်လို့လုပ်ခဲ့တာပေါ့ ဒါဆို...။

Running in your soulTahanan ng mga kuwento. Tumuklas ngayon