အပိုင်း-(၁)

768 27 0
                                    

"ဖြတ် ဖြတ် ဖြတ် ဖြတ်....!!!?"

လေကဲ့သို့ အလျင်ဖြင့် အရှိန်ကုန်ပြေး
လာသောကြောင့် မိုးရွာထားကာစ
လမ်းပေါ်ရှိ ချိုင့်အိုင်လေးတို့ထဲမှ
ရေတို့ တဗွမ်းဗွမ်း မြည်ကာ ဖိတ်စင်သွားလေသည်။တစ်စုံတစ်ရာကို ရပ်တန့်စေလိုငှာ ပြေးလာရသောကြောင့် သူမ၏ခြေထောက်ရှိ slipper ဖိနပ်လေးမှာ
ပြတ်သွားလေပြီ။သူမဘာကိုမှ မမြင်တော့ တစ်ချိန်တိုး တံတားပေါ်သို့ပြေး
တက်သွားကာ တံတားလက်ရန်းကို
ကျော်၍ ရေထဲသို့ ခုန်ချရန် ပြင်နေသော အဆင်ကောင်လေးအား ပြေး
ဆွဲလိုက်တော့သည်။သူမ အရှ်ိန်ဖြင့်ကောင်လေး၏ အင်္ကျီကုတ်ကို ဆွဲကာ
တံတားလက်ရန်း အပြင်မှ တံတားပေါ်
သို့ပြန်ရောက်ရန် စောင့်ဆွဲလိုက်သည်။
အရှိန်ဖြင့် ဆွဲစောင့်လိုက်သောကြောင့်
နှစ်ယောက်စလုံး ကတ္တရာ အုတ်တံတား ပေါ်သို့ ပိုလိုပက်လက်လဲကျ
သွားသည်။

"ရား နော် မီချောဆော...."

"အား နာလိုက်တာ မင်းက ဘယ်သူလဲ
ဘာလို့ ငါကို ဆွဲရတာလဲ..."

မြတ်သိင်္ခါဦိး တစ်ယောက် အရှိန်ဖြင့်
ဆောင့်ဆွဲ ခံရလိုက်သဖြင့် တံတား ပလက်ဖောင်းပေါ်သို့ ပက်လက် လဲ
ကျသွားလေသည်။အရှိန်ဖြင့် လဲကျလာသောကြောင့် ရုတ်တရက် လက်ဖြင့်ထောက်မိထောက်ရာထောက် လိုက်မိကာ ပက်လက်ဖောင်းဖြင့်
ခြစ်မိပြီး လက်ဖမိုးရဲရဲလေးများ သွေး
များစို့လာလေသည်။ထို့ပြင်ပို၍ ထူးဆန်းသည်မှာ သူကို လာဆွဲသော
ထိုမိန်းကလေး။သေချာကြည့်မှ
ပက်လက်အနေအထားဖြင့် ကို့ယို့ကား
ယား သူ့၏ ဖိထားခြင်းခံထားရသော
ထိုမိန်းကလေး။

"အား...နာလိုက်တာ .."

နှုတ်ခမ်းမှ သွေးမှ ကျဆင်းလာသော
ကြောင့် သေချာသည် သူမနှုတ်ခမ်း
ပေါက်သွားလေပြီ။မိုးသား တိမ်ယံ
တစ်ယောက် မိမိအပေါ်မှ ကုန်းထ
နေသော သူ၏ကျောကုန်းအား ‌‌
သူမ၏ ခြေထောက်ဖြင့် ဆောင့်ကုန်
လိုက်ကာ ထိူသူအား မှောက်ရက်
လဲကျစေလိုက်သည်။ထိုနောက် မှောက်ရက်လဲကျနေသော ထိူသူ၏ လက်နှစ်
ဖက်ကို ထိုသူ၏ကျော၌ စုဖမ်းကိုင် ကပ်လိုက်ကာ ပုံစံက သူခိုးကိုရဲ
ချုပ်ဖမ်းလိုက်သောပုံစံ။

Running in your soulDär berättelser lever. Upptäck nu