အပိုင်း(12)🌚🌚

253 7 2
                                    

"လွှတ် မင်းကို လွှတ်လို့ပြောနေတယ်နော်.."

မန်းတစ်ယောက် ဘားအတွင်းကနေ
ခရမ်းခေါ်ရာ ကားစီသို့လိုက်လာရင်း
ကားပေါ်ရောက်တဲ့အထိ မျက်လုံးမဖွင့်
သေးဘဲ သူ့ကို လွှတ်လွှတ်ဟု သာဇွတ်
အော်နေလေသည်။

"ကို ကို မောင်ကိုကြည့်အုံး.."

ခရမ်းက မောင်းသူနေရာ ၌ ဝင်ထိုင်ရင်းမန်းကို ခါးပတ်ပတ်ပေးလိုက်သည်။ထို့နောက်
မန်းရဲ့ မေးလေးကို ဆွဲယူကာ မိမိ၏မျက်
နှာနားကပ်လျက် ပြောလိုက်သည်။
ထိုသို့ပြောတော့ မန်းက မျက်လုံးမျက်
လုံးမပွင့်တစ်ပွင့်ဖြင့်ကြည်လာပြီးခရမ်းကို
ရယ်ပြလာသည်။

"ဘယ်သူလဲ ထင်တာ ငါယောကျာ်းကို.."

"ဟုတ်တယ်လေကိုကိုရဲ့ မောင်လေ.."

"ယောကျာ်းစောစောက မန်းကိုလေ မောင်ဆိုတဲ့တစ်ယောက်က မန်းကို သူ
ယောကျာ်းလို့ပြောနေတာသိလား..."

ကိုကိုက ခရမ်းကို မှတ်မိသွားလို့ အမူးပြေ
ပြီဟု ထင်ထားသော်လညိး တစ်ကယ်တန်း
ကိုကိုက အမူးမပြေသေးပေ။အခုထိ ကိုကို
က မောင်နဲ့ ခရမ်းကို မတူဘူးဟုပြောနေ
သေးသည်။ကိုကိုက အရက်ဝင်သွား
လိုက်ရင် သူများထက်နှစ်ဆမူးတတ်သည်။
မူ‌းနေပေမြဲလည်း စွဲဆောင်မှုရှိရှိရယ်ပြ
တတ်တာကတော့ အချိန်နေရာမရွေးပေ။
ဒီအတိုင်းဆို ကိုကို ကိုသူ့အိမ်ပြန်ပို့ဖိုမ‌ဖြစ်
သေးပေ။ထို့ကြောက့် ခရမ်းအိမ်ကိုသာ
မောင်းလာလိုက်သည်။

"ငါ့ ယောကျာ်းက ငါ့ကိုချစ်ဘူး..."

"ဟင်..."

မန်းတစ်ယောက်အိပ်နေရာမှ ရုတ်တရက်
နိုးလာကာ ပလုံးပထွေး မပိမသစကား
တို့အား ခရမ်းမကြားအောင်ပြောလိုက်၊
ခရမ်းက ဘာပြောတာလဲဟု ပြန်မေးရင်
မဖြေလိုက်နဲ့လုပ်နေလေသည်။ဘာမှ
မဟုတ်လောက်ပါဘူးဟု စိတ်လျော့၍
ဆက်မမေးတော့လည်းပြောတာကြားလားဟုထအော်သေးသည်။

"ကိုကို မောင့်ကိုမယုံဘူးလား..."

ခရမ်းက ကားမောင်းရင်းနဲ့ မန်းဘက်သို့
တစ်ချက်လှည့်ကြည့်ကာမေးခွန်းဆိုလိုက်
သည်။

"ငါ့ကို ဘယ်သူမှမချစ်ကြဘူး...မင်းလည်း
ငါ့ကိုတကယ်မချစ်ဘူး..."

Running in your soulWhere stories live. Discover now