အပိုင်း(4)

120 13 2
                                    

ထိုသို့ နမ်းလိုက်တာတောင် မရပ်သေး
ပဲ နှုတ်ခမ်းခြင်းထိလျက်‌ပင်ဝိုးတိုးဝါးတားစကားတို့က ပြောနေသေးသည်။ထို့ကြောင့် မင်းထက် နှုတ်ခမ်းနှစ်ခုကိုပိုမိုထိကပ်လျက် နမ်းရှိုက်လိုက်သည်။နူးညံသည်။ပို၍နူးညံပြီး ချိုမြိန်တဲ့နှုတ်ခမ်းလေးပါလား။ရင်ဘတ်ထဲကနှလုံးတို့က ပေါက်ထွက်တော့ မတတ်တဒုတ်ဒုတ် မြည်ဟီး နေသည်။မင်းနဲ့တွေ့မှ ရင်ခုန်တတ်လာတဲ့ ကိုယ်။အချိန်‌အတော်အောင် နှုတ်ခမ်းခြင်းဖိကပ်ထားပြီး မိုးသားရဲ့ ပလုံးပထွေးစကားသံတွေ တိတ်ပြီး ငြိမ်ကျသွားကာမှ ဖိကပ်ထားသော နှုတ်ခမ်းတို့အားခွာလိုက်သည်။

မိုးသားခေါင်းထဲ မိမိငယ်ငယ်တုန်းက
ဖြစ်ပျက်ခဲ့သော ကိစ္စများကိုသာ ပြန်
မြင်ယောင်ပြီး အရူးလိုအော်ဟစ် ငိုကြွေးနေမိခဲ့တယ်။ကြောက်လည်း
ကြောက်တယ် အထီးလည်းကျန်တယ်
ပင်လည်းပင်ပန်းတယ်။ထို့နောက်
မိမိနောက်၌ ရုတ်တရက်ပေါ်လာသော
ကောင်လေးတစ်ယောက်က မိမိအား
ဖက်ထားကာ စကားတစ်ချို့ ဆိုနေသည်ကို သိသော်လည်း ထိုကောင်
လေးအားသဲသဲကွဲကွဲ မြင်ရခြင်းမရှိပေ။
သို့ပေမဲ့ ထိုကောင်လေးကို တွေ့တော့
ကြောက်ရွံ့မှုများ ရုတ်ချင်း ရန့်တန့်
သွားရတယ်။ထူးဆန်းတယ်မဟုတ်လား။ထို့နောက်နူးညံတော့ အထိအတွေ့က မိမိရဲ့ နှုတ်ခမ်းပေါ်ကို ရုတ်ချည်း
ကျရောက်လာပြီး တဖြည်းဖြည်းခြင်း
ပိုမို ထိကပ်လာသည်ကို ခံစားရပြီး
မိုးသား ခေါင်းထဲ ဗလာကျင်းသွား
သလို ဘာမှမတွေးမိတော့ပေ။ထိုနူး
ညံ့သော နှုတ်ခမ်းပိုင်ရှင်ဆီကို သာအာရုံစိုက်မိတော့သည်။တဖြည်းဖြည်း
ချင်းထိုကောင်လေးရဲ့ ပုံစုံ သဲကွဲလာ
သည်။အခုမှ မိုးသားစိတ်များပြန်
တည်ငြိမ်သွားကာ အသိစိတ်ပြန်
ဝင်လာတော့‌‌ လေသည်။

"မြတ်.."

"မိုးသား အသိပြန်ရပြီလား တော်ပါသေးတယ် ကိုယ်ရင်တွေပူလိုက်တာ.."

"ပင်ပန်းတယ်..."

မိုးသားမှ အားမရှိသော လေသံဖြင့်
ဖျော့တော့စွာပြောရင်း ကြမ်းပြင်ပေါ်
ထိုင်ချနေရမှ ထလိုက်သည်။ခန္ဓာကိုယ်ကအား‌နည်းနေတာမို့ ထလိုက်သော
အချိန်မှာ ယိုင်ကျသွားသည်။

Running in your soulWhere stories live. Discover now