1

1.9K 177 20
                                    

Unicode
_______

" ဒေါက်တာ လီဆာက တော်လိုက်တာနော် "

" ‌နင် ဒီစကားကို မကြားဖူးဘူးလား ၊ ဒေါက်တာ လီဆာရဲ့ မာနက သူ့အရည်အချင်းနဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုတာလေ "

ဆေးရုံဝင်းထဲ ဝင်လိုက်တာနဲ့ ဒေါက်တာလီဆာ ဆိုတာကို ထပ်နေအောင် ကြားရတော့ နှုတ်ခမ်းမဲ့လိုက်မိတယ် ။ ဆေးရုံတစ်ခုလုံးမှာ သူပဲ အသက်ရှိတဲ့ ဆရာဝန်လား ။

" ချယ်ယောင်း နင့် ဆရာဝန်က ဘယ်မှာလဲ "

" လူတော့ မလာသေးဘူး ၊ နာမည်ကတော့ အရင်ရောက်နေပြီ "

ဂျန်နီ့ရဲ့ စကားကို ဘုတောတောလိုက်တော့ လူပုစိတ်တိုက သူ့ကို အော်ရပါမလားဆိုပြီး ချယ်ယောင်းရဲ့ လက်မောင်းကို ဖြန်းခနဲ မြည်အောင် ပိတ်ရိုက်တယ် ။

" နာတယ်ဟ ဂျပုရ "

" နင့် အစ်မ မျက်နှာကြောင့် မဟုတ်ရင် နင့်ကို ဒီမှာတင် မြေမြှုပ်ပစ်လိုက်ပြီ "

ချယ်ယောင်းကလည်း ချယ်ယောင်းပါပဲ ။ ဒေါက်တာလီဆာဆိုတဲ့ အသံကြားတာနဲ့ သွေးတွေ ဆူပွက်လာရတဲ့အထိ ကြည့်မရတာ ။ အခုလည်း ဘယ်လို အမှုကိစ္စတွေကို အောင်မြင်သွားပြန်ပြီလဲမသိ နာမည်က အရင်ရောက်နေပြီ ။ ခဏကြာရင်တော့ ခေါင်းမော့ ရင်ကော့ပြီး ရောက်လာပါတော့မယ် ။

" ဘာကိစ္စလဲ "

ကြည့်ပါလား ! တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတဲ့ ရုပ်နဲ့ ရောက်ချလာတာ ။

" ဒီမှာ "

လက်ထဲက အထုပ်ကို သူ့ရှေ့ကို ပေးတော့ မျက်မှန်ဝိုင်းလေးကို ပင့်တင်ပြီး ချယ်ယောင်းကို ပြန်ကြည့်တယ် ။ အမြင်ကပ်စရာကောင်းလောက်‌ေအာင် လှနေလိုက်ပုံများ ။

" အဘွားပို့ခိုင်းလိုက်တာ "

အရံဟင်းတွေ စုံစိနေအောင် ထုတ်ထားတဲ့ ပုဝါထုပ်ကို ကြည့်ပြီး သူက ခေါင်းငြိမ့်ပြတယ် ။ မိသားစုဆရာဝန်တစ်ယောက်ကို ဒီလောက်အထိ ဂရုစိုက်ပေးနေစရာမလိုလောက်ပါဘူး ၊ အဘွားနှယ်လည်း ။

" ငါ ညနေကျရင် အဘွားကို လာစစ်ဆေးပေးရဦးမှာ "

" အဲဒါကို စောစောက ဖုန်းခေါ်ကတည်းက ညနေ လာရင် လာမယ် ပြောပါလား ၊ ကျွန်မကို တမင် အလုပ်ရှုပ်အောင် လုပ်တာ "

Blonde is a Naughty Where stories live. Discover now