အပိုင်း(၆)စတင်လေ့လာခြင်း

Comincia dall'inizio
                                    

'ချင်အာရဲ့ လက်ကျန် points နဲ့ဆို ကြာပန်းမီးတောက် ရပါမယ် ကြာပန်းမီးတောက်ဟာဆိုရင် အခုမှ စပြီး အသုံးပြုမယ့် သူအတွက် ထိန်းချုပ်ရလွယ်ကူပြီးတော့ ဆေးဖော်စပ်ဖို့အတွက် အကောင်းဆုံးပါဘဲ ယူမယ်ဆို yes ကိုနှိပ်ပါ။ မယူဘူးဆို noကိုနှိပ်ပါ'

*အဲ့တာက points ဘယ်လောက်ပေးရမှာလဲ အဲ့ကြာပန်းက ဘယ်အဆင့်လဲ*

'points က ၃၀၀ပါ အဆင့်က အလယ်အလတ်အဆင့်ပါ'

*ဈေးကလည်းများတာ ယူမယ် ယူမယ် ဟွန့်*

'ဟုတ်ကဲ့ ၀ယ်ယူအားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။'

*ဟမ့် ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးပင်တွေ သွားခူးရမယ် ပြီးရင် ငါ တံခါးပိတ်ကျင့်မယ်။ ငါအသက်၁၅နှစ်ပြည့်ရင် ဒီတောင်ပေါ်က ဆင်းပြီး ကျန်းဟူတစ်ခွင်လေ့လာမယ်။*

*ကယ်အရင်ဆုံး ဒီတောင်ရဲ့ အတွင်းပိုင်းမှာ ဆေးပင်အစုံ ပေါက်တယ်ကြားတယ် သွားရှာကြည့်ရအောင် ။ ငါ့ကို အသုံး၀င်မယ့် ဆေးဖက်၀င်အပင်တွေ ဘယ်နားမှာ ပေါက်နေလဲ တစ်ချက်ပြောပေး points ယူဖို့မစဉ်းစားနဲ့ မဟုတ်ရင် system ဆိုတာ ဘာမှ သုံးစားမရဘူးလို့ ငါသတ်မှတ်လိုက်တော့မှာ*

'ဟုတ်ကဲ့ပါ ༎ຶ⁠‿⁠༎ຶ'

System လေးမှာတော့ သူ့ host ဖြစ်သူကို ကြောက်လန့်နေရှာတော့တယ်

အဲ့လိုနဲ့ ဆေးဖက်၀င်အပင်တွေ ရှာဖို့ တောနက်ထဲကို တဖြည်းဖြည်းရောက်ရှိလို့ လာတော့တယ်။ တောနက်လာလေ တောကောင်တွေရဲ့ ဟိန်းဟောက်သံတွေက တောအုပ် တစ်ခွင် ပျံ့နှံ့လို့နေတော့တယ်။လမ်းတစ်လျှောက်မှာလည်း မိစ္ဆာသားရဲတွေရဲ့ ရန်လိုမှုတွေနဲ့ ကြုံတွေ့ရတတ်ပေမယ့် သူမရဲ့ စွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ သားရဲထိန်းချုပ်နည်းကတော့ အရင်ဘ၀ထဲက သူမကျွမ်းကျင်မှုတွေထဲကတစ်ခုပေါ့။ သူမလက်တစ်ချက် ဝေ့ရမ်းလိုက်ရုံဖြင့် နဂိုရန်လိုနေကျတဲ့ သားရဲ အုပ်စုဟာ သူတို့မိဘကို တွေ့လိုက်ရသလိုမျိုး သူမခြေရင်းထက်မှာ လိမ္မာစွာ ၀ပ်ဆင်းကုန်ကျတော့တယ်။

I got a wife as the system Dove le storie prendono vita. Scoprilo ora