အပိုင်း (21.2)

Start from the beginning
                                    

'' အဲ့တာပဲ ဆိုရင် မင်း ဟော်ဆန်းအာ ကိုပဲ မေးလိုက် ''

'' လူတိုင်း က ရှင့်စကား ကိုပဲ နားထောင် ကြတာ မဟုတ်ဘူး လား? ''

'' သူတို့တွေ က ဘာကြောင့် ငါပြောတာ ကို နားထောင် ရမှာလဲ။ သူတို့မှာလဲ ကိုယ်ပိုင် အတွေးအခေါ် ရှိတယ်လေ။ ''

ကျောက်ချင် က သက်ပြင်းချ ကာ သူ့နောက် က လူကို အာရုံ မစိုက် ချင်တော့တာ ကြောင့် သူက သာမန်ကာလျံကာ ပြောလိုက် လေတယ်။

'' နင်က ဒီမှာ တူးချင်နေ မှတော့ ဒီမှာ တူးပေါ့ ''

ထိုဟာကို ကြားလိုက် ရတော့မှသာ ချောင်ဖန် ရဲ့ အမူအရာ က ပိုကောင်း လာလေတယ်။ အရိတ်အမြွတ် ပါတဲ့ အပြုံးတစ်ခု ကို ပြုံးကာ အဲ့နေရာမှာ ဟင်းသီး ဟင်းရွက် ရိုင်းတွေကို ရှာဖွေခဲ့ လေတယ်။

အဲ့တာကို မြင်တော့ ဟော်ဆန်းအာ က ကျောက်ချင် ရဲ့ဘေး ကိုရွေ့ သွားခဲ့လေတယ်။

'' ကြည့်စမ်းကွာ။ အခုတော့ ကောင်မလေး ငယ်ငယ် လေး က မင်းကို တွေ့ဖို့ လူလုံးလာ ပြတာ ကွ ''

ကျောက်ချင်က အဲ့တာကို ကြားတော့ ဟော်ဆန်းအာ လက်ထဲက တံစဥ်ကို ယူပြီးတော့ သူ့ကို ဝင်ရိုးဘက်ကနေ ပြန်ပေးလိုက်တယ်။

'' ငါ့အထင်တော့ မင်းက အရမ်းကို အလေ လိုက်နေတယ် ထင်တယ်ကွာ။ မင်းရော အဲ့လို မထင်ဘူးလား။ မင်းရဲ့ ခွန်အားတွေကို တိုးစေဖို့ တံစဥ် သုံးသင့်တယ် လို့ မင်း မထင် ဘူးလား? ''

ဟော်ဆန်းအာ က သူ့လက်ထဲမှာ တံစဥ်ကို ကိုင်ထားကာ သူက အဓိပ္ပာယ် မရှိတာတွေ လျောက်ပြောနေတာ မဟုတ်ဘူး လို့ ပြောချင် နေခဲ့တယ်။ သူက တံစဥ်လေး ကို ကိုင်ကာ သူ့နေရာဆီကို ပြန်သွားဖို့ လုပ်တဲ့ အခါ ချောင်ဖန် ဆီကနေ အသံ တစ်ခု ထွက်လာ ခဲ့လေတယ်။

'' ဘာဖြစ် သွားတာလဲ? ''

ဟော်ဆန်း အာ က အမြန်ပဲ ​မေးလိုက်တယ်။

ချောင်ဖန် က သူမရဲ့ ခြေထောက်ဝတ် ကို ကိုင်ထား ပြီးတော့ သူမရဲ့ မျက်လုံး ကြီးထဲမှာ မျက်ရည်တွေ ဝေ့သီ နေခဲ့ လေတယ်။ ကျောက်ချင် က ဘာမှ မမေးတာကို တွေ့တဲ့ အခါ သူမရဲ့ အောက်နှုတ်ခမ်း ကို ကိုက်ကာ ခေါင်းမာစွာ နဲ့ ခေါင်းကို ခါယမ်း ပြလိုက်လေတယ်။

တံငါသည် (BL) Where stories live. Discover now