အပိုင်း(၅)အဂ္ဂိရတ်ပညာအား သင်ယူခြင်း

Start from the beginning
                                    

ယခုလက်ရှိ မာနကြီးလှတဲ့ အဲ့အဖိုးကြီး လောင်ဟူ နဲ့ ပျောက်ဆုံးနေတဲ့ ပညာရှင်တစ်ယောက်သာလျှင် ထို ဧကရာဇ်အဆင့်ကို တက်ရောက်နိုင်ကျတယ်။ ထို့ကြောင့်လည်း ကျန်းဟူသားတွေရဲ့ သာမန် အဂ္ဂိရတ်ဆရာတွေမကုနိုင်တဲ့ ရောဂါ ဒဏ်ရာ တွေကို ထိုလူကြီးဆီ၌ ပြလိုကျသော်လည်း ထိုမာနကြီးလှတဲ့ လူအိုးကြီး လောင်ဟူက သူ့ဆီမှာ လာပြခြင်တယ်ဆိုလျှင် သူလိုအပ်တဲ့ ပစ္စည်းတို့ သားရဲတို့ကို သူ့ဆီလူနာလာပြကျတဲ့ လူတွေကို ဖမ်းခိုင်းတာတို့ ရှာခိုင်းတာတို့ လုပ်ခိုင်းတတ်တယ်။ အကယ်၍သူခိုင်းတာကို မလုပ်နိုင်ဘူးဆိုရင်တော့ ထိုလူ သေသေရှင်ရှင် ထိုလူကြီးက လှည့်ကိုမကြည့်ဘဲ ဉပက္ခာပြုတတ်တယ်။

ယခုလည်း ကျန်းဟူ ရဲ့ ယွေရွှင့် ဂိုဏ်းရဲ့ သခင်ငယ်လေးက နတ်ဝံပုလွေ ကို သူ့သားရဲ အဖြစ်လိုချင်လို့ အဲ့သားရဲနဲ့ တိုက်ခိုက်ရာမှ ထိုသားရဲ ရဲ့ အပြင်းအထန် သမခြင်းခံလိုက်ရကာ အသက်ကယ်ဖို့မဖြစ်နိုင်တော့မှာ စိုးရိမ်ရတဲ့အထိ ကို ဖြစ်နေတော့တယ်။ ထိုသခင်ငယ်လေးရဲ့ဖခင် ဂိုဏ်းချုပ်ခမျာ သူသားအသက်ကို သူ့ဝိဉာည်စွမ်းအင်နဲ့ ထိန်းပေးထားရတဲ့အထိ အခြေအနေဆိုးနေတာကြောင့် ထို လူအိုကြီး လောင်ဟူဆီမှာ သွားပြပေမယ့် ထိုလူကြီးက နှစ်‌တစ်ထောင် သက်တမ်းရှိတဲ့ နှင်းပန်းပွင့်ကို ရှာယူပြီးသူ့ကို ပေးမယ်ဆို ကုပေးမယ် ပြောလို့ အကြီးအကျယ် ရန်ဖြစ်ပြီး တဲ့နောက်မှာ ထို ဂိုဏ်းချုပ်ခမျာ လူအိုကြီးရဲ့အငြင်းခံလိုက်ရတော့တယ်။

"အဲ့လူအိုကြီးက မဖြစ်နိုင်တာကို ရှာခိုင်းတာလေ ဒီက ညီနောင်ဘဲ စဉ်းစားကြည့်ပါ။အခုအချိန်က နွေရာသီကြီး ပြီးတော့ သူပြောတဲ့ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ နှင်းပန်းပွင့်က အအေးပိုင်းဒေသမှာဘဲရှိမှာ ပြီးတော့ဆယ့်နှစ်ရာသီလုံး အေးခဲနေတဲ့ နေရာမျိုးမှာမှ သူက ပေါက်တဲ့အရာမျိုး ထိုနေရာထိသာ သွားနေရရင်တော့ ထိုဂိုဏ်းကသခင်ငယ်လေးကိုတောင် ကုနိုင်တော့မယ်မထင်ဘူး"

ထိုလူရဲ့ စကားအဆုံး ဆိုင်ထဲရှိ နားထောင်နေကြတဲ့ လူတွေက တစ်ယောက်တစ်မျိုး ‌ထိုသခင်ငယ်လေးကို သနားတဲ့လူ‌ေတွနဲ့ ထိုသခင်‌ငယ်လေးရဲ့ နတ်ဝံပုလွေကိုမှ သားရဲ အဖြစ်တော်ချင်တဲ့ အတွက် ထိုသို့ဖြစ်ရတာဆိုပြီး ကဲ့ရဲ့ ရှုတ်ချတဲ့ လူတွေ အမျိုးမျိုးပြောနေကျတဲ့ ထိုလူတွေကို သူမ ဉပက္ခာ ပြုလိုက်ပြီး ခုနက သူ့ကိုပြောပြတဲ့လူကို ကျေးဇူးတင်လိုက်ပြီး သူမလဲထွက်လာလိုက်တယ်။

*စွင်အာ ငါမေးစရာရှိတယ်။ အဂ္ဂိရတ်ပညာက ဘယ်လိုမျိုးလဲ ငါစိတ်၀င်စားလို့ သူက လူ့အသက်ကို ဘယ်အတိုင်းအတာအထိ ကယ်နိုင်လဲ။*

'အဲ့တာက ကျင့်ကြံဆင့်နဲ့ ဆိုင်တယ်ဗျ သူလည်း ကျင့်ကြံဆင့်မြင့်လေ ဖော်စပ်နိုင်တဲ့ ဆေးတွေက မြင့်လေဘဲ။ ဉပမာ အသက်ပြန်သွင်းနိုင်တာမျိုး လုံး၀မျှော်လင့်ချက် မရှိတော့တဲ့ လူကို ဒေါင်ဒေါင်မြည်အောင် လုပ်ပေးနိုင်တာမျိုးပေါ့။'

*ဒါက သိပ်စိတ်၀င်စားဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် ငါ ဒီပညာကို သင်ရမယ်။ ဒါမှ အသက်အန္တရာယ်ကြုံလာရင် သူများကို အားကိုးစရာမလိုမှာ*

*စွင်အာ ငါ့ကို အဂ္ဂိရတ်နဲ့ ပတ်သတ်တဲ့ စာအုပ်တွေ ရှာပေးပါ များလေ ကောင်းလေဘဲ*

'ဟို အဲ့တာလေ ချင်အာကို ပြောဖို့မေ့နေတာ အမှန်က ချင်အာ အနေနဲ့ system ရဲ့ mission တွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အစက မပြောတာက ချင်အာ အသက် ၁၅ပြည့်မှ ပြောမလို့ပါ အသက် ၁၅ပြည့်တာနဲ့ mission စလုပ်ရမှာဖြစ်ပြီး point တွေ ရပါမယ်။ ထို points တွေနဲ့မှ system space ထဲက လိုချင်တဲ့အရာ မှန်သမျှလဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ အခု ချင်အာက အသက်၁၀နှစ်ပြည့်ပြီမလို့ တစ်ခုခုလို ချင်ရင် အလကားမရတော့ပါဘူး points နဲ့လဲလှယ်ရပါမယ်။  ချင်အာ့ ဆီမှာ အစထဲက လက်ခံရရှိတဲ့ points 1000ရှိပါတယ်။'

'host လဲလှယ်မယ်ဆို points 500ကုန်ကျမည် ဖြစ်ပါတယ်။ ၀ယ်ယူမှာပါလား။ yes or no နှိပ်ပေးပါ'

ပိုင်းချင်းယန် *?????*

*ငါ့ကိုတစ်ခါမှလည်း မပြောဖူးဘဲနဲ့ အစုတ်ပလုတ် $$$###@###$$#@*

'တီ.....system offline ဖြစ်နေပါတယ်။host အရေးအကြောင်းအကူအညီလိုပါက ၁ကို နှိပ်ပါ။ system ကို အရေးတကြီးပြောစရာရှိပါက ၂ကို နှိပ်၍ voice clips ချန်ထားနိုင်ပါတယ်။ တီ...တီ'

*System!!!!!!!*

I got a wife as the system Where stories live. Discover now