အပိုင်း (၂၆)

Start from the beginning
                                    

ဘိုးဘိုးပြောပြမှပဲ မြသရဖီချစ်အဖေ ဦးကျော်ထွဋ်ရဲ့ဆိုးသွမ်းမှုတွေကို သဘောပေါက်လာသလိုပင်။
ဒါကြောင့်မို့ ထိုလူကြီးက ဘွားထိုက်ရဲ့လုပ်ငန်းတွေကိုပါ လိုချင်နေတာလား။
ဘိုးဘိုးပြောသလို ရှယ်ယာတွေကိုထုတ်ရောင်းနေတယ်ဆိုတော့ မြကြည့်ဖူးတဲ့ ဇာတ်ကားတွေထဲကလို ဘိုဘိုးကုမ္ပဏီကြီးက သူများလက်ထဲရောက်သွားတော့မှာလား။
ဒါနဲ့ ဘာလို့ မြကို ဒါတွေလာပြောပြနေတာလဲ။

''ဘာလို့ ညည်းကို ဒါတွေပြောပြနေရတာလဲဆိုတော့သိသင့်တယ်ထင်လို့
ဒီအကြောင်းတွေကို ညည်းအမေလည်းသိပြီးပြီ
ငါ့မှာယုံကြည်စရာဆိုလို့ ညည်းတို့မိသားစုပဲ ရှိတယ်
အခု ငါ့လုပ်ငန်းတွေမှာ ငါ့ညွှန်ကြားမှုအတိုင်းလုပ်ပေးနိုင်မဲ့ လူတစ်ယောက်လိုတယ်
ဒါကြောင့်....ညည်းအစ်ကိုကို ခေါ်ထားတယ်''

ဘိုးဘိုးစကားကြောင့် ပိုပြီးနားရှုပ်သွားကာ
မျက်မှောင်တွေကိုတောင် တင်းနေအောင်ကြုတ်ထားမိသလိုပင်။
ပြောချင်တာက အဘိုးက သူကြိုးဆွဲရာကခိုင်းဖို့
မြအစ်ကို ကိုအလုပ်ဝင်ခိုင်းမယ်ပေါ့။

''ဘိုးဘိုးဘေးမှာ ကိုကြီးထက်ပိုပြီးတော်မဲ့ထက်မဲ့သူတွေရှိမှာပါ
ဘာလို့ ကိုကြီးကိုမှ ရွေးလိုက်တာလဲ''

''ငါ့ သွေးသားစစ်စစ်ကိုပဲ ငါ့လုပ်ငန်းကိုဦးဆောင်စေချင်တယ်
သူစိမ်းတွေ မလိုချင်ဘူး''

''ဒါဆို မြသရဖီချစ် ရှိတယ်လေ ဘိုးဘိုး''

''သူ့ကို စိတ်တိုင်းမကျဘူး
ကဲ......
ဒီအဘိုးကြီးကို ကွန်ပလိန်းတွေမတက်နဲ့တော့
အဲဒီစာအုပ်တွေကို ယူသွားပြီး ညည်းအစ်ကိုကိုပေးလိုက်
ဖိုင်တွေကိုတော့ ညည်းယူထားလိုက်
နောက်ကျ ခိုင်းစရာတွေ ရှိတယ်
သွားတော့ နောက်ကျနေပြီ ''

သူပြောချင်ရာ ပြောပြီး
အခန်းမီးကို ရီမုနဲ့လှမ်းပိတ်လိုက်တာကြောင့်
မြ လည်း Good Nightဟု နှုတ်ဆက်လိုက်ကာ
အခန်းထဲကနေ ထွက်ခဲ့လိုက်သည်။

အစ်ကိုဖြစ်သူပါ ဒီကိုရောက်လာမှာကို ပျော်ရမှာလား
ဝမ်းနည်းရမှာလားဆိုတာ မသိတော့ဘူး။
သူ့အလုပ်လေးနဲ့သူ အဆင်ပြေနေတဲ့ အစ်ကိုကရော ဒီလုပ်ငန်းတွေနဲ့ အဆင်ပြေပါ့မလား။
ပြီးတော့ သူ့မိန်းမကလည်း မီးဖွားထားတာမှ
တစ်လကျော်ပဲရှိသေးသည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now