"ဖွားရာဒီနေ့ကကျောင်းပထမဆုံးဖွင့်တဲ့ရက်လေသားနားပြစေအုန်းမနက်ဖြန်ကစပြီးဖွားမြေးကအရိုးကျေကျေအရည်ခမ်းခမ်းကြိုးစားတော့မှာဖွားရဲ့မြေးကAll Dပဲဖွားမျှော်လင့်ထားလိုက်တော့"

"မင့်အဖေတုန်းကလည်းငါ့ကိုအဲ့လိုပြောခဲ့တာပဲပြီးတော့ငါးနှစ်ဖြေတာတောင်မအောင်လို့ကျောင်းထွက်ပြီးမိန်းမယူသွားတာပဲမဟုတ်လား"

သူ့ကိုပြောဆိုပြီးသည်နှင့်တစ်ဖက်လှည့်ကာမျက်ရည်သုတ်နေသောအဖွားဖြစ်သူကြောင့်ပြည့်စုံစိတ်မကောင်းဖြစ်သွားမိသည်။

"ဖွားမငိုပါနဲ့!"

"ငါဘယ်မှာငိုနေလို့လဲထမင်းမြန်မြန်စားပြီးကျောင်းသွားတော့ညနေကျူရှင်ရှိတယ်ကျူရှင်မတက်ပဲအိမ်ပြန်လာလို့ကတော့မင်းနဲ့ငါသူသေကိုယ်သေပဲ"

စားအကြောင်းတွေးမိသည်နှင်ပြည့်စုံခေါင်းမူးလာတာကြောင့်ထမင်းပလုတ်ပလောင်းစားပြီးကျောင်းသို့ပြေးတော့သည်။

"အဟုတ်ပဲဟျောင့်ရေငါ့အိမ်မက်ထဲမှာမြွေမလေးကမလုပ်ပါနဲ့..မလုပ်ပါနဲ့ဆိုပြီးငါ့ကိုငိုယိုတောင်းပန်နေရတာငါလဲဘယ်ရမလဲသူ့ခါးသွယ်သွယ်လေးကိုကိုင်ပြီး....."

"တော်စမ်းပါငါ့ကောင်ရာငါ့အထင်တော့အိမ်မက်ထဲမှာမြွေထီးတစ်ကောင်ကမင့်ကို-င်တက်ချသွားတာမဟုတ်ဘူးလား"

မှန်ရာကိုပြောခံလိုက်ရတာကြောင့်ပြည့်စုံတစ်ယောက်ဆွေ့ဆွေ့ခုန်သွားတော့သည်။

"ငါ-ိုးမကျော်ကြီးအဲ့မြွေကမင့်-င်ကိုပဲလာချမှာ"

ပြည့်စုံတစ်ယောက်ကျော်ကြီးကိုလှည့်ဟောက်ပြီးသည်နှင့်ငြိမ်ငြိမ်လေးထိုင်နေလိုက်တော့သည်။

"မင်္ဂလာပါဆရာမ"

"မင်္ဂလာပါကလေးတို့ကျောင်းသားသစ်တွေအများကြီးရောက်နေတာပဲအရပ်ပုတဲ့လူတွေကနောက်ဆုံးမှာမထိုင်ပဲရှေ့တက်လာပေးပါ"

ကျောင်းသူကျောင်းသားတွေအကုန်ငြိမ်နေကြတာကြောင့်အတန်းပိုင်ဆရာမကမျက်မှောင်ကျုံ့လိုက်ကာ

"ဟဲ့ပြည့်စုံငါကမင့်ကိုပြောနေတာအရပ်ကနှစ်လက်မလောက်ပဲရှိတဲ့ဟာကိုအမြဲတမ်းနောက်ဆုံးခုံပဲရွေးထိုင်နေတယ်အခုကဆယ်တန်းရောက်နေပြီကလေးကစားစရာမဟုတ်ဘူးလာအခုချက်ချင်းရှေ့တက်ခဲ့"

မြွေ(Complete -U+Z)Where stories live. Discover now