"နဂါး ... နဂါး "

"ဟမ် ! "

"ငါပြောနေတာကြားလား။ဟိုးအရှေ့ကဟာ
ထင်လင်းသိုက်မဟုတ်ဘူးလားလို့"

"ဟင် ! ဟုတ်လား "

အရက်ပုလင်းကိုလက်မှာပိုက်ထားကာ ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ လမ်းတစ်ခုလုံးကို အပိုင်သိမ်းထားတဲ့ လူတစ်ယောက်။လည်ပင်းပေါ်ထောက်နေတဲ့ ခပ်ရှည်ရှည်ဆံပင်များ ၊ ရိတ်သင်ထားခြင်းမရှိတဲ့ နှုတ်ခမ်းမွှေး ၊ ဝတ်ထားတဲ့ ရှပ်လက်ရှည်အနက်ရောင်ကလည်း ကြယ်သီးတစ်လုံးသာတပ်ထားပြီး ဖရိုဖရဲ။ အရင်တုန်းက အမြဲတစေခန့်ညားနေတတ်တဲ့ ပရော်ဖက်ဆာကြီးက အခုတော့ စုတ်ပြတ်ကာ၊ အရက်နံ့တို့မွှန်နေတာ ကြားလို့တောင်မကောင်း။

ထိုလူက ဒယီးဒယိုင်ဖြင့်လမ်းလျှောက်လာစဥ်
သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းကို
စိတ်မကောင်းခြင်းများစွာနဲ့ ငေးကြည့်နေမိသည်။

"တစ်နှစ် ... တစ်နှစ်တောင်ကြာသွားပြီ။ထင်လင်းသိုက်က သူ့စိတ်သူလွတ်ထားပေးတုန်းပဲ"

"လာပါကွာ ငါတို့ သူ့ကိုခေါ်ပြီး အိမ်ပြန်ရအောင်။ ဒီမောင်က စားကောင်းတာတွေ
ချက်ကျွေးမှာပါ"

"အင်း အိမ်ပြန်ရအောင်"

ကျလုဆဲဆဲမျက်ရည်တို့ကိုပုတ်ခတ်သိမ်းရင်း ထင်လင်းသိုက်အနားကိုသွားလိုက်သည်။သို့သော် သူတို့ထပ်အရင် အနားရောက်သွားတဲ့လူ ၂ဦးက ထင်လင်းသိုက်ပခုံးကို ဝင်တိုက်ကာ...

"ဟေ့လူ ခင်ဗျားလမ်းကိုဘယ်လိုလျှောက်နေတာလဲ ၊ တိုက်မိကုန်ပြီ ။ ခင်ဗျားမျက်လုံးက
ကန်းနေသလား"

ဝင်တိုက်တာက သူတို့ဆိုပေမဲ့ သူတို့ကပဲအရင်ရန်စကာ ထင်လင်းသိုက်ပခုံးကို ဆောင့်အောင့်စွာတွန်းသည်။

"ကန်းမနေတဲ့လူက ရှောင်သွားလိုက်"

"ဘာ ! ခင်ဗျား ဘာစကားပြောတာလဲ"

ထိုလူနှစ်ယောက်က ပို ပိုပြီးဆိုးလာတာမို့ သူတို့ကြည့်နေလို့မဖြစ်တော့တာသိလိုက်ရသည်။

"ခင်ဗျားက လမ်းအပြည့်လျှောက်လာတာ မဟုတ်လို့လား"

"ဒီက ကိုယ့်ညီတို့ ။ အစ်ကိုတို့ သူငယ်ချင်းအစား အစ်ကိုတို့ကပဲ တောင်းပန်ပါတယ်"

HUSBAND:DaddyWhere stories live. Discover now