အပိုင်း (16.2)

Start from the beginning
                                    

'' ကောင်း ပါပြီ ''

မနက်ဖြန် အတွက် စီစဥ် စရာ ရှိတာ တွေကို စီစဥ် ပြီးတဲ့ နောက် အမျိုးသမီး တွေက သူတို့ရဲ့ စွမ်းရည် တွေကို ပြသ ပြီးတော့ ညစာ အတွက် ဟင်းတွေ ချက်ပြုတ် ကြလေတယ်။

တစ်နပ်စာ မြန်မြန် စားပြီးတဲ့နောက် လူတိုင်း က ထုပ်ပိုး လိုက်ပြီးတော့ အိပ်ဖို့ နေရာ ရှာလိုက် ကြတော့တယ်။

ဒါက ဂူထဲမှာ ရှိနေတာ ဒုတိယ ရက် ဖြစ်ပြီးတော့ ပထမ ရက်လို မျိုး မောပန်း နွမ်းနယ် တာ မျိုးတွေ မရှိခဲ့ ပါပေ။ သူတို့က အောက်က မြေကြီးမာမာ ကြီး ပေါ်မှာ လှဲ ရတာကြောင့် အိပ်ပျော်ဖို့ ရာ အတွက် အရမ်းကို ခက်ခဲ လေတယ်။

ကျောက်ချင် နဲ့ ကျိုးကောအာ တို့က ဘေးချင်းကပ် လျက် လှဲလိုက် ကြတယ်။ ဂူ ရဲ့ အပြင်ဘက် ကတော့ လုံးဝ ကို မှောင်မဲ နေပါပြီ။ ဂူထဲက မီးဖိုပေါ်က မီးတောက် လေး ကသာ ဂူတစ်ခု လုံးကို နွေးထွေး တဲ့ လိမ္မော်ရောင် လေး နဲ့ ရိုးရှင်းစွာ လွှမ်းခြုံ ထားလေတယ်။

ကျိုးကောအာ က မီးဖို ဘက် နား ပိုရောက် ပြီးတော့ သူ့ရဲ့ မျက်လုံး တွေက မပိတ် ရသေးပဲနဲ့ မီးဖို ကိုသာ စိုက်ကြည့် နေခဲ့တယ်။ အဲ့ဘေးနား မှာ အခြောက်ခံ လှန်းထားတဲ့ အဝတ် အစား တွေ လည်း ရှိနေ ခဲ့တယ်လေ။

'' ဘာမှား လို့လဲ၊ အိပ်လို့ မပျော် ဘူးလား ''

ကျိုးကောအာ က သူ့ရဲ့ မျက်ခွံ တွေကို ပင့်လိုက် တယ်။

'' အကို ဝယ်ပေး တဲ့ ဖိနပ်လေး ကို ငါ မယူခဲ့မိတာ ကို သတိရ သွားလို့ပါ။ အရမ်း နှမြောဖို့ ကောင်းတာ ပဲ ''

'' အဲ့တာ က ဖိနပ် တစ်ရံလေး ပဲ မဟုတ်လား ။ ကိုယ် တို့ တောင်ပေါ် က ထွက်လို့ ရရင် ကိုယ့်နောက်ကို သာလိုက်ခဲ့။ မင်း အတွက် တစ်ရံ ထပ်ဝယ်ပေးမယ် ''

ကျောက်ချင် က နူးညံ့စွာ ပြောလိုက်ကာ သူ့ရဲ့ လက်မောင်းလေး ပေါ် အသာလေး လက်တင် လိုက်တယ်။

ကျိုးကောအာ က ဘာမှ ထပ်မပြောတော့ ပေမယ့် သူက အရမ်းကို နှမြောနေ မိဆဲ ပါပဲ။ ပြီးတော့ အနည်းငယ် တောင် လွမ်းဆွတ် မိတယ်။ ဒါပေမယ့် ကံကောင်းတာ က ပုလဲ က သူနဲ့ အတူ ရှိနေ သေးတယ်။ သူ့ကိုယ် ပေါ်မှာ အဲ့တာ လေးကို မပျောက်စေ ပဲ သိမ်းထား တာက ကျိုးကောအာ ကို စိတ်သက်သာရာ ရစေတယ်လေ။

တံငါသည် (BL) Where stories live. Discover now