အပိုင်း ( 14. 3)

Start from the beginning
                                    

သူက ကွေ့ဝိုက်စွာ ခေါ်လိုက်တယ်။

'' လင်းလင်း ဒီနေရာကို လာပါ။ သူတို့ နှစ်ယောက် ပဲ ထားလိုက် ပါကွာ ''

လင်းလင်း က သူမ နှုတ်ခမ်း ကို ကိုက်ကာ သူမရဲ့ အကိုကြီး စကားကို နားထောင် လိုက်လေတယ်။ ပြီးတော့ သူမက အနောက်ကို လှည့်ကာ ခေါင်းငုံ့ ပြီးတော့ ပြန် သွားလိုက်လေတယ်။

ကျောက်ချင် က သက်ပြင်းချ ကာ ကျိုးကောအာရဲ့ ငယ်သွားတဲ့ မျက်နှာလေးကို ကြည့်ပြီးတော့ သူက ပန်းကန် နှစ်ခုကို ရောလိုက်လေတယ်။ ပြီးတော့မှ အသားတွေ ကို ပန်းကန် နှစ်ခု ထဲကို ခွဲလိုက်တယ်။

''အဲ့တာ တွေက အခုအတူတူ ဖြစ်သွားပြီ။ စားကြစို့ ''

ကျိုးကောအာ က ဆက်ပြီးတော့ ခေါင်း မမာ နိုင်တော့ပါဘူး။ အဆုံးမှာတော့ သူ လည်း တကယ်ကို ဗိုက်ဆာ နေ ပြီပဲ ဖြစ်လေတယ်။

သူတို့နှစ်ယောက် က ဘေးနား မှာ အတူတူ ထိုင်ရင်းနဲ့ တိတ်တဆိတ် စားသောက် နေကြလေတယ်။ အမှန်တော့ ကျောက်ချင် က ကလေးမလေး ကို အသား တစ်ပိုင်း ပိုပေး လိုက်ပါ သေးတယ်။

သူမလေး နဲ့ နွားလှည်း ဆရာ တို့က ထောင့်နားလေး မှာ ထိုင်နေကြတယ်လေ။ သူတို့ကို အရင်ကတည်းက ဘယ်သူကမှ သိပ်ပြီး သတိမထား မိတာကြောင့် သူတို့မှာ လည်း ဘာမှ စားစရာ မရှိဘူး ဆိုတာလည်း မသိကြလေဘူး။

ဒါကြောင့် သူက ဒီမြေးအဖိုး ကို အသားလေး အနည်းငယ် လောက် ပိုပေး လိုက်တာ ပဲ ဖြစ်လေတယ်။

အချိန်အနည်းငယ် ကြာတိုင်း သူက အဲ့ဘက် ကို လှမ်းကြည့် ခဲ့လေတယ်။ လှညဆရာ အဖိုးအို က အသားမစားပဲ မြေးမလေး ကိုသာ စားဖို့ရာပဲ ချော့မော့ နေခဲ့လေတယ်။

ကျောက်ချင် က အကြည့် လွဲလိုက် ပြီးတော့ သူ့အကြည့်တွေ ကို ကျိုးကော အာ ဆီကို ပို့လိုက်တယ်။ တကယ်လို့ ကျိုးကောအာ က သာ သူ့ကို အဲ့လိုချော့ကျွေးရင် ကောင်းမှာပဲလို့ တွေးမိ လေတယ်။

ကျိုးကောအာ က သူ့ရဲ့ အကြည့်တွေ ကို သတိပြုမိ သွားပြီးတော့ သူ့ရဲ့ တမြုံ့မြုံ့ ဝါးနေတဲ့ ပါးစပ်လေး ကို ရပ်လိုက် လေတယ်။

'' ဘာလဲ? ''

'' ဘာမှ မဟုတ်ပါဘူး ။ မင်း စွပ်ပြုတ် သောက်ချင် သေးလားဟင်? ''

သူက ကြက်ရိုးတွေကို ဖယ်ပြီးတော့ အိုးထဲ ထည့်ကာ ပြုတ်ထားတာပဲ ဖြစ်လေတယ်။

စွပ်ပြုတ်က ပိုပိုပြီးတော့ မွှေးရနံ့ က သင်းပျံ့ လာတယ်။

ကျိုးကောအာ က ပြောလိုက်တယ်။

'' ငါ သောက်မယ် ၊ ယူမယ်''

ကျောက်ချင် က လည်း ထည့်ပေးကာ သူတို့ နှစ်ယောက် အတူတူ သောက်ကြလေတယ်။

စွပ်ပြုတ် က တကယ်ကောင်းတာ ပဲ။

ကျိုးကောအာ က လဏ တုံ့ဆိုင်း သွားကာ ကျောက်ချင် အားကို သူ့ကို မစောင့်ပဲ စားနှင့်ဖို့ ​ပြောလိုက် ပြီးတော့ ပန်းကန် တစ်လုံးနဲ့ စွပ်ပြုတ်ကို ခပ်လိုက်လေတယ်။

ပြီးတော့ ကျိုးကောအာ က နွားလှည်း ဆရာတို့ ဆီကို တန်းတန်း သွားလိုက်လေတယ်။ ကျိုးကောအာ က တစ်ခြားသူ တွေနဲ့ စကားပြောတာ ရှားပေမယ့် လှည်းဆရာ အဖိုးအို ​ကိုတော့ စွပ်ပြုတ် တစ်ပန်းကန် သွားပေးခဲ့လေတယ်။

သူက ဘာမှ အများကြီး မပြောပဲ ပေးပြီးတာနဲ့ ပြန်လှည့် လာတာ ပဲ ဖြစ်လေတယ်။

ကျောက်ချင် ရဲ့ မျက်လုံးထဲမှာ မဖော်ပြတဲ့ အပြုံးလေး တစ်ခု ဖြတ် ပြေးသွား လေတယ်။

'' ကိုယ် က သူတို့ကို ပေးချင် နေမှန်း မင်းလေး က ဘယ်လိုလုပ် သိသလဲ?''

'' အကို က သူတို့ ​မြေးအဖိုးကို အကြိမ်ပေါင်း များစွာ ကြည့်နေတာ ပဲကို ''

ကျောက်ချင် ရဲ့ နှလုံးသား ထဲမှာ ပန်းတွေ ပွင့်သွားကာ ကျိုးကောအာ ရဲ့ ပုခုံးကို လှမ်းကာ ဖက်လိုက် လေတယ်။

'' မျှော်လင့် ထားသလိုပဲ ။ မင်းလေး က ကိုယ်တို့ ရဲ့ ကျောက် မိသားစု ဝင်လေး လို့ မပြောရဘူး ကွာ။ မင်းလေး က အရမ်းကို ထက်မြတ် လိုက်တာ နော်''

ကျိုးကော အာ ရှက်သွေး ဖြာ သွား​လေတယ်။ ဒါပေမယ့် ကျောက်ချင် က ဘယ်လို အဓိပ္ပါယ်နဲ့ ဘာကို ပြောချင်တာ လဲ ဆိုတာ ကို ကျိုးကောအာ က အဖြေမထုတ် နိုင်ခဲ့ ပါပေ။

( ညီကို ဆို အဲ့တာ က ညီကိုလား 😀)

.........................

တံငါသည် (BL) Where stories live. Discover now