• 𝖪𝗂𝗆 𝖲𝖾𝗈𝗄𝗃𝗂𝗇'𝗌 • 𝖾𝗇𝖽𝗂𝗇𝗀

1K 125 38
                                    

"ပါးပါး"

အောက်က ထိုကီ့အသံကြောင့် ဂျောင်ကု ထိုလူကိုငေးနေရမှရပ်လိုက်သည်။ မိသားစုစကားဝိုင်းမှာ သူ့ကို တစ်ချက်တောင် မျက်နှာလှည့်မလာသောထိုလူ။ ကြည့်ရတာ သူပဲ သတိရမိနေတယ်ထင်ပါရဲ့။

"ထိုကီပြောလေ"

"ဖွားဖွားကြီးက ဒီမှာအိပ်သွားပါလားတဲ့"

အမေက သူ့ကိုမပြောရဲလို့ သူ့မြေးတွေနဲ့အကျပ်ကိုင်တာ။ ဂျောင်ကုခေါင်းညိမ့်ပြတော့ ထိုကီရော ဘန်နီရော "ဝေး"ခနဲအော်ကာ သူ့ဖွားဖွားနဲ့အတူထွက်သွားကြသည်။

"ကလေးတွေက ဘယ်နနှစ်ရှိပြီလဲ"

ကင်မ်ဆော့ဂျင်အသံကြောင့် ဂျောင်ကု တောင့်သွားရသည်။ သူ့ဘေးက ကင်မ်ဆော့ဂျင်ရယ် ကင်မ်ဆော့ဂျင်အဖေက မျက်နှာချင်းဆိုင်မှာ။

"လေးနှစ်ကျော်ပြီ"

"အော် အမြွှာလေးတွေပဲ မင်းနဲ့တူတယ်"

"အွန်း"

ဂျောင်ကု ခေါင်းသာငြိမ့်ပြပြီး တနေရာကိုအကြည့်လွှဲလိုက်သည်။ သတင်းစာထိုင်ဖတ်နေတဲ့ ကင်မ်ဆော့ဂျင်အဖေဖြစ်သူက မျက်ကြောတွေဖိနှိပ်ကာ အပေါ်တက်သွားတော့ ကင်မ်ဆော့ဂျင်ရယ် သူရယ်ပဲကျန်ခဲ့တော့သည်။

"ဘန်နီ"

အဲ့ခေါ်သံမကြားရတာကြာပြီ။ ရင်ထဲတစ်လှပ်လှပ်နဲ့လှည့်ကြည့်တော့ ကင်မ်ဆော့ဂျင်က ခပ်ဖွဖွပြုံးပြသည်။

"ကိုယ်နဲ့တူတာလေးတွေရော မမွေးပေးချင်ဘူးလား"

စကားအဆုံးတောင့်တင်းသွားသော ခန္ဓာကိုယ်။ ဂျောင်ကု ရင်မဆိုင်ရဲစွာ မျက်နှာလွှဲပြီး အပေါ်ပြေးတက်ခဲ့လိုက်သည်။ ဆိုဖာပေါ်ကျန်ခဲ့တဲ့ ဆော့ဂျင်မှာ ခပ်ထေ့ထေ့ရီသည်။ သူ့ကို ပြစ်သွားတဲ့ ဘန်နီ့ကို အပြစ်လေးနည်းနည်းပေးချင်တယ်။

_______

"No milk!!"

အိပ်ခါနီး နွားနို့မသောက်ချင်တဲ့ဘန်နီက ပတ်ပြေးနေသည်။ ထိုကီကတော့ ခွက်လေးကိုင်ကာ သူ့ညီမကို ကြည့်ပြီးရီနေသည်။

"ဘန်နီ လူကြီး မဖြစ်ချင်ဘူးလား"

"ဘန်နီ လူကြီးလုပ်မှာ"

• ᴊɪɴᴋᴏᴏᴋ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • Where stories live. Discover now