"ဟက်...အားရော အားရဲ့လား doctor ကြီးရယ်"
" ကူး မခနဲ့ဘူး အမှန်တိုင်းပြောနေတာ ခင်ဗျားရဲ့ မပြီးပြတ်နိုင်တဲ့ ကိစ္စတွေနဲ့ပဲ နေခဲ့တော့ "
"တောက်...ဟားးး!!!"
ရင်ထဲစုတ်ပြတ်သတ်အောင်နာကျင်ရတယ်။ ဖုန်းကိုပြစ်ချပြီးအံဆွဲထဲက မီးခြစ်ရယ် စီးကရက်တစ်လိပ်ကို ထုတ်လိုက်ရင်း ဝံရံတာသို့ ထွက်လာခဲ့သည်။ မီးညှီရင်း ဘေးနားက လူရိပ်ကြောင့် ကူး လန့်သွားရသည်။
"ဆော့ဂျင်!!"
"ဆေးလိပ်က မင်းအတွက်မကောင်းဘူးနော်"
လေသာဆောင်နားက အပင်တွေကို ရေးဖျန်းတဲ့ ဆော့ဂျင် ကိုကြည့်ရင်း ကူး ရင်ထဲ ပိုဆိုးလာသည်။ အကြည့်လွှဲလိုက်ရင်း လက်ထဲက ဆေးလိပ်ကိုပိုတိုး၍ စုပ်ယူလိုက်သည်။
ထွက်သွားသောအငွေ့တစ်ချို့ကိုကြည့်ရင်း ဘယ်ဘက်ပါးပြင်က မျက်ရည်စည်းကြောင်းလေး။ အလျင်အမြန်သုတ်ပစ်လိုက်ရင်း အသက်ဝဝရှုကာ ပတ်ဝန်းကျင်ကိုသာကြည့်နေမိသည်။
"ပြန်ပေး"
ဆော့ဂျင် က သူ့လက်ထဲက ဆေးလိပ်ကိုယူကာ ပြာခွက်ထဲ ထိုးပြစ်သည်။
"ကျစ်"
နောက်တစ်လိပ်သွားယူရန်ပြင်နေသော ကူး ကို ဆောင့်ဆွဲပြီး ဝရံတာပေါ်ပင့်တင်လိုက်သည်။
"ဘာလုပ်တာလဲ လွှတ်စမ်း ခင်ဗျား!!"
"အလွဲသုံးစား မလုပ်နဲ့"
"ဘာ!!"
"မင်းကို ဆေးကုဖို့အတွက် အဖေ့ကိုသိပ်ချစ်တဲ့ ဂျွန် က အဖေနဲ့မနေရပဲ မင်းကိုပေးခဲ့တဲ့ဘဝကို အလွဲသုံးစား မလုပ်နဲ့"
"ဟက်.."
မိဘတွေကွာရှင်းတော့ အဖေကိုယ်တိုင်က ကိုကို့ကိုရွေးခဲ့တာ။ ဒါပေမဲ့ ကူးကရောဂါသည်မို့ လူချင်းပြန်လဲခဲ့ရတယ်။မေမေကပိုက်ဆံမရှိဘူးလေ။ ကိုကိုကသူ့ဘဝကိုပေးခဲ့တယ်ဆိုပဲ? သူ့ကိုလိုချင်တဲ့လူက တစ်ယောက်မှရှိမနေဘူး။
ခနဲ့သလို ရီမိတော့ မျက်မှောင်ကြုံ့ကာ လက်တွေပိုတင်းကျပ်လာသည်။
"အားကျလိုက်တာ"
"ခင်ဗျားရဲ့ ဂျွန် လို့ခေါ်တဲ့ ကျုပ်အကို ကို"