"ဘုတ်"
အိမ်တစ်အိမ်ထဲတွင် ကောင်လေးသုံးယောက်က ကုတ်ချောင်းကုတ်ချောင်းနှင့် အပြင်ရောက်ဖို့ကြိုးစားနေကြသည်။ အိတ်ကလေးမှာခြံ အပြင်ဘက်သို့ကျသွားသောအခါ စိတ်တစ်ဝက်လောက်ချသွားရသည်။
"ဂျီမင်း ဟေ့ကောင်.. ခွပြီးခုန်လိုက်"
"ဟင့် ငါ..ငါမကျော်ရဲ"
"ပတ်ခ်ဂျီမင်း မင်း နမ်ဂျွန် ကိုမချစ်ဘူးလား"
"ငါခုန်ပြီ "
"မယ်လေး လင်နာမည်ပဲပြောရသေး.. ဟဲ့ သေပြီလား မသေရင်အကြောင်းပြန်ဦး"
"မသေဘူးဟေ့ ကျေးဇူး သားကြီးရာ"
"ရတယ် ရတယ် မြန်မြန်သွားကြတော့ ဟိုကနိုးနေဦးမှ ဂွီနေမယ်"
"သွားပြီ ဝေ့"
ခြေသံလေးအဝေးရောက်သွားတဲ့အခါ ဂျောင်ကု ခုဏကတည်းကခြားနေတဲ့အုပ်တံတိုင်းပေါ်မှီချလိုက်သည်။ သူတို့ထက် သုံးဆလောက်မြှင့်တဲ့ ခြံဝန်းထဲ ကနေ ဂျီမင်းကိုနမ်ဂျွန် လက်ထဲထည့်လိုက်ပြီ။
အသက်ငယ်တယ်ဆိုတိုင်းအကုန်လုံးကိုလက်တွေ့စမ်းချင်ကြသည်မှာသဘာဝ။သူ့သူငယ်ချင်းနှစ်ယောက်ကလည်း လက်တွေ့စမ်းရင်းက ကြိုက်သွားကြတာ။ အိမ်ကသိသွားတော့ သဘောမတူလို့ခိုးပြေးကြ။ သူကအောင်သွယ်တော်ကြီးပေါ့။
ဒီကြားထဲ magazine ဝယ်ဖို့စုထားတဲ့ပိုက်ဆံတွေနဲ့အားဆေးတွေလက်ဖွဲ့လိုက်ရသေး။ ဘာ magazine လည်းတော့လာမမေးပါနဲ့။ ဂျောင်ကု ကလူကောင်သေးပေမဲ့ဟိုဟံာမသေးဘူးလေ။ ဇ" ပြောတာနော် ဇ"
အိမ်ကိုခိုးကြောင်ခိုးဝှက်ပြန်ဝင်ကာသူအေးချမ်းစွာအိပ်စက်လိုက်သည်။ အိမ်မက်ထဲမှာ ကလေးလေးတစ်ယောက်ကသူ့ကိုမျက်လုံးလေးတွေမှိတ်ကျသွားသည်အထိရီပြနေလေရဲ့။
"သားရေ ဟိုဘက်အိမ်က နမ်ဂျွန် နဲ့ ဂျီမင်းလေးခိုးပြေးသွားကြပြီတဲ့တော့"
"ဗျာ.."
သိတယ်လေအမေရယ် သားကိုယ်တိုင်ထည့်ပေးလိုက်တာကို။အမေပြောသမျှကိုတအံတသြလေးနားထောင်ပေးလိုက်တော့ အမေကအားတက်တရောပင်။
![](https://img.wattpad.com/cover/336780743-288-k870933.jpg)