အပိုင်း (12.2)

Começar do início
                                    

'' မင်းတို့က ဘာတွေ လာကြည့် နေကြတာလဲ!  တစ်ယောက် မှ မမြင်ဘူးကြလို့လား! ''

လူအများကြီး က ချောင်းဆိုးလိုက် ကြကာ ဘေးကို အကြည့်လွဲလိုက်ကြတယ်။

တစ်ချို့ ရွာသား တွေက သတိပေးလိုက်ကြတယ်။

'' လူတိုင်း မြန်မြန်လေး လုပ်ပြီးတော့ တက်တော့! ''

လူတိုင်း က မရပ်နားရဲတာကြောင့် အချိန်အတော်ကြာ အနားမယူရဲပါပေ။ ပြီးတော့ မြန်မြန် ဆန်ဆန်ပဲ တောအုပ်တွေကို ဖြတ်ကာ တောင်ပေါ်ကို တက်သွားကြလေတယ်။

တောင်ပေါ်တက်တဲ့ လမ်းတွေနဲ့ တောအုပ်ဖြတ်တဲ့ လမ်းတွေက နေ့အချိန်မှာတောင် မမှတ်မိလွယ်တာ ညအချိန် ဆိုတော့ ပြောမနေ ပါနဲ့တော့။ ဒါကြောင့် သူတို့ခမျာ ခက်ခဲစွာ သွားရလေတယ်။

တောင် တစ်တောင်ပေါ် တက်ရတာက မြေပြင်မှာ ပြေးရတာ နဲ့ မတူပါပေ။ ပိုပြီးတော့ ကို ပင်ပန်းလေတယ်။

'' အကိုကျောက် ငါတို့ရဲ့ နောက်မှာ ရွာသားတွေ အများကြီး ကျန်နေသေးတယ်။ ခများ ငါ့ကို ချပေးပါ။ ငါ့ဘာသာ ငါ တက်ပါ့မယ် ''

ကျိုးကောအာ က ကျောက်ချင် တစ်ယောက် ပင်ပင်ပန်းပန်း တက်နေတာ ကို မကြည့်ရက်တာ ကြောင့် အကြံ ပြုလိုက်လေတယ်။

''ဆူနာမီလှိုင်းကြီး တွေက နောက်ဆုံး တစ်ယောက် ကို ဆွဲချ သွားမှာ မဟုတ်ဘူး ။ သူက အကုန်လုံး ကို ဆွဲချ သွားမှာ ''

''ဒါပေမယ့်......  ''

ကျိုးကောအာ စကားပြောလို့ မပြီးခင်မှာပဲ ကျောက်ချင် က သူ့ကို ရုတ်တရက်ကြီး ချပေးလိုက်တယ်။

ကျောက်ချင် က သူ့ကို ချပေးပြီးတော့ အသက်တစ်ရှိုက် ရှုသွင်းလိုက်တယ်။

'' မင်း ဒီလိုမျိုး နဲ့ တက်လို့ မရဘူး ။ တောင်တက်တာ က မလွယ်ဘူး ။ မင်း ဂရုစိုက် ရမယ်။ မင်းကို ငါ သယ်သွားမယ် ''

ကျိုးကောအာ က ပိုပိုပြီးတော့ စိတ်ကျဥ်းကျပ်လာတယ်။

အဲ့တာက အကိုကျောက်အတွက် အရမ်းကို များသွားပြီ လေ။

'' တွန့်ဆုတ်မနေနဲ့ မဟုတ်ရင် အကုန်လုံး သေကုန် လိမ့်မယ် ''

ကျောက်ချင် က စကားတစ်ဝက် ကို အမိန့်ပေး သံနဲ့ ပြောကာ ကျန် တစ်ဝက် ကို ခြိမ်းခြောက် သံနဲ့ ပြောလိုက်တာ ကြောင့် ကျိုးကောအာ မခုခံ နိုင်တော့ပေ။

တံငါသည် (BL) Onde histórias criam vida. Descubra agora