အပိုင်း(၂၂)

Start from the beginning
                                    

ဒီလောက်ချော့ပြောနေရသည့်ကြားက ကျုပ်မိန်းမက မျက်စောင်းထိုးသွားသေးသည်။

မိဝေ တစ်ယောက်နဲ့တော့ခက်ပြီ။

အကယ်၍ ကိုငယ်သာ တကယ်နာမည်ကြီးတွေလို အောင်မြင်ခဲ့ရင်.....။

အကယ်၍ လူပုံအလယ် Star တယောက်နေဖြင့် ထွန်းတောက်ခဲ့ရင်......ခက်ပြီမိဝေ မျက်ရည်လွယ်ပုံနဲ့တော့ ဟုတ်နေပါပြီ။

" ကိုကို့က နောက်နေ့ သွားရမှာလား ဦးမျိုးတို့ဆိုင်..."

" အင်း...မနက်ဖန်..."

" ဖေဖေလိုက်ပို့မှာဟုတ်လား...ကိုကို့"

" အင်း..."

" မူန့်ရော...ကိုကို့..သားဖို့ မူန့်ဝယ် ဖို့ မမေ့ရဘူးနော်..."

" အင်း...."

" iron man စက်ရုပ်ကိုကို့၊ သားသူငယ်ချင်းတွေကို ကိုကို့ဝယ်ပေးတာဆိူပြီး ကြွားချင်လို့..နော် ..ဝယ်ပေးနော် "

" အေး..."

အစ်ကိုတယောက်ကို ပိုင်ဆိုင်ရတာ ကံကောင်းလိုက်တာလို့ ဖိုးသာထူးမြင်၏။

" ဟော ပြန်လာကြပါပြီတော်...မိုးအေးအေး..ရေခဲမူန့်တွေစားပြန်ပြီလား ဖိုးသာထူး ..အမေ ဘာပြောထားလဲ.."

" အမေကလည်း...."

" ဘာအမေကလဲ....ထုလိုက်ရင် နင်သေတော့မယ်....ရေခဲမူန့်ကကြိုက်သလားမမေးနဲ့ ည လူအိပ်ချိန်ဆို ချောင်းတဟွတ်ဟွတ်နဲ့...နော်..နင်...."

" ကိုကို့....."

ဤ မိသားစုလေး ကျွန်တော်ကို နွေးထွေးကြင်နာပေး၏။

သွေးသားမတော်စပ်သည့် သူစိမ်းတစ်ယောက်အပေါ် ပိုသာလွန်သော နွေးထွေးပေးသည်။

'ဘုရားသခင်က ကျွန်ုပ်အား ဤသို့သော ချစ်ခင်နွေးထွေးဖွယ်မိသားစုလေးအား ကြင်နာပေးသနားတော်မူသည်'

နောင်တစ်ချိန် ယခုလို ပျော်ရွှင်နေကြပါ့မလား...။

" ကိုငယ်ကို အစ်ကိုဆီသေချာပို့ပီးမှ တော် အလုပ်သွားနော်....ကလေးမျက်စိလည် လမ်းမှားမစိုးကြောင့် ကျုပ်ပြောတာ ကြားလား ...ကိုသာထက် "

" အေးပါ မိဝေရ.....ညကတည်းက နင်မှာနေတာ ငါသဘောပေါက်ပါတယ်ဟ..."

" ဒါဆို တော် အင်း...အဲ လုပ်လေ..."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now