အပိုင်း (9.2)

Start from the beginning
                                    

ထမင်းစားပြီးတဲ့နောက် ဟင်းသီးဟင်းရွက် တွေ အများကြီး ပါတာတောင်မှ စွပ်ပြုတ်ရည်တောင် မကျန်ခဲ့ပေ။ ဒါပေမယ့် ကျိုးဝေ့ရှီး ကတော့ လုံလောက် တယ်လို့ မထင်ခဲ့ပေ။

ကျိုးကောအာ က ပန်းကန်တွေကို စုပြီး သိမ်းဖို့ လုပ်တဲ့ အခါ ကျောက်ချင် က သူ့ကို ထိုင်ခိုင်းလိုက်စဥ်မှာပဲ အိမ်တံခါးကို ပြင်းထန်စွာ ခေါက်လာခံရပြန်တယ်။

ဒီနေ့ သူ့အိမ်ကို လူတွေအများကြီး ရောက်လာတယ်လို့ ကျောက်ချင် တွေးမိလေတယ်။

တံခါးခေါက်သံကို ကြားရတဲ့ အခါ ခေါက်တဲ့ သူက အမျိုးသား တစ်ယောက် ပဲ ဖြစ်ရမယ် ။

ဟုတ်ပါတယ်။ တံခါးဖွင့် လိုက်တဲ့ အချိန် မှာတော့ အဲ့တာ က ဟော်ဆန်းအာ ဖြစ်နေခဲ့ ပါတယ်။

'' တကယ်လို့ မင်းအခု ဘာမှ အလုပ်မရှိရင် ငါနဲ့ ကမ်း​ခြေကို လိုက်ပြီးတော့ လှေလေး အတူ လိုက်မ ပေးပါအုံးကွာ''

ဟော်ဆန်းအာ က မောပန်းနေပြီးတော့ စိုးရိမ်နေတာကိုတွေ့တော့ ကျောက်ချင် က မေးလိုက်တယ်။

'' ဘာဖြစ်လို့လဲ ''

''ငါ့လှေက ဝမ်းပွင့်သွားလို့ကွာ။ လှိုင်းနဲ့ လေတွေကြောင့်လို့တော့ ငါထင်မိတယ်။ ဒါကြောင့် ငါ့လှေကို ဆွဲတင်ပြီးတော့ ပြင်မလို့ပါကွာ''

'' ဟုတ်ပြီလေ။ သွားကြစို့ ''

ကျောက်ချင် က အပြင်ထွက် ကာ အိမ်ထဲကို ပြန်အော်လိုက်တယ်။

'' ရှောက်ယု ၊ ကိုယ် ခဏ လိုက်သွား အုံးမယ် ပြီးကျရင် ပြန်လာ ခဲ့မယ် ''

ကျိုးဝေ့ရှီး က ကျိုးကောအာ ထက် အလျင်ပိုဖြေလိုက်တယ်။

'' မြန်မြန် သွား!  ​သေချာ ဂရုစိုက်နော် !''

ဟော်ဆန်းအာ က အခန်းထဲက အမျိူးသမီးကိုတွေ့တော့ ပြောလိုက်တယ်။

'' အဒေါ် ဝေ့ က ဒီကိုရောက်နေတာလား?''

'' ဟုတ်တယ် ''

ကျောက်ချင် က သူမ အကြောင်းကို ဘာမှ မပြောချင်တာကြောင့် ဟော်ဆန်းအာ ကို ဆွဲခေါ်သွားလိုက်တယ်။

'' မြန်မြန်လုပ်ကွာ''

ကျိုးကောအာ က အနောက်ကနေ လိုက်လာလေတယ်။

တံငါသည် (BL) Where stories live. Discover now