"လှလိုက်တာ ... လှလိုက်တာသမီးရယ်"

"အန်ကယ်နဂါးက ဘာလို့ငိုနေတာလဲဟင်"

"မဟုတ် ... အန်ကယ်မငိုပါဘူး"

"အန်ကယ်တို့ အထဲကိုဝင်လာလေ။ကိုကိုkingလည်း ရှိတယ်"

အထဲကိုဝင်ဖို့အသိပေးပြီး လှည့်ထွက်သွားတဲ့
မီးငယ်ကြောင့် ဂုဏ်နဂါးမျက်ရည်တွေကို အမြန်သုတ်ပစ်ရ၏။

"ကလေးရှေ့ ငိုမချလိုက်နဲ့နော်။မင်းငိုရင်
သူလည်း လိုက်ငိုနေအုံးမယ်"

"အင်းပါ"

အပြင်မှာဖွင့်ထားသည့် nothing's gonna change my love for you သီချင်းကိုကြားလေ ငိုချင်လေဖြစ်နေသည့် ကိုယ့်စိတ်ကိုထိမ်းရသည်။ဒီလိုနေ့မျိုးမှာ အပျော်လွန်ပြီးငိုတာ
သူ့လောက်အူကြောင်ကြောင်နိုင်တဲ့သူရှိပါအုံးမလား။

အထဲကိုဝင်လာခဲ့တော့ ပန်းကျဲပေးမည့်အမြွှာ၃ကောင်၊kingနဲ့ကျေးကပါ သူ့ကိုပြုံးစိစိနဲ့ကြည့်နေတာမို့ မလုံမလဲဖြင့်မျက်နှာကိုပွတ်သပ်မိသေးသည်။

"အန်ကယ်နဂါး"

"ပြောလေမီးငယ်"

"မငိုပါနဲ့အန်ကယ်ရဲ့... ရေချယ်ကလက်ထပ်ပြီးလည်း အန်ကယ်တို့သမီးပဲလေ။အန်ကယ်တို့ကို အမြဲတမ်းချစ်နေမှာပါ နော်"

ပြောကာမှပိုဆိုးကာ ဂုဏ်နဂါးကထငို၏။

"ကလေးကို စိတ်မကောင်းဖြစ်အောင်နဂါးရာ"

"မဟုတ်ပါဘူးကွာ ဝမ်းသာလို့ပါ...ငါတို့ကလေးက အခုအရွယ်ထိရောက်လာတာ မယုံနိုင်သေးဘူး"

"တော်ပြီ မင်းငိုနေတာကလေးလည်းလိုက်ငိုတော့မယ်"

"ဟင် ! မငိုရဘူးနော်။အလှတွေပျက်ကုန်မယ်သမီးရဲ့"

"ဟိုက် အန်ကယ်လည်းမငိုရဘူးနော်။ရေချယ်က အန်ကယ်တို့ကိုချစ်ပါတယ်"

"အန်ကယ်တို့ကလည်း ချစ်ပါတယ်။တကယ်ပဲ
တကယ် လူကြီးဖြစ်လာပြီကိုသမီးလေးရယ်"

မိတ်ကပ်ဆိုတဲ့စည်းကြောင့် ငိုမချပေမဲ့ မီးငယ်က ငိုမဲ့မဲ့ဖြစ်ကာ ဂုဏ်နဂါးရဲ့ရင်ခွင်ထဲတိုးဝင်လာသည်။ ငယ်ငယ်က သေးသေးလေးက အခုတော့ လူကြီးတစ်ယောက်ဖြစ်ပြီး လက်ထပ်တော့မယ်တဲ့ ချစ်ရတဲ့သမီးလေးကို ကောင်းကောင်းမွန်မွန်ပျိုးထောင်ပေးပြီး စိတ်ချရတဲ့လူလက်ထဲ ထည့်ပေးလိုက်နိုင်တဲ့စိတ်က ဂုဏ်နဂါးကိုမျက်ရည်မဆဲအောင် အားပေးသည်။

HUSBAND:DaddyWhere stories live. Discover now