My Boss(Woongthew)

447 45 2
                                    


ကောင်းကင်ကြီးကကြည်လင်လို့ ရာသီဥတုကလည်း သာယာနေလေရဲ့။
ဒီနေ့က မက်သရူးရဲ့ ပထမဆုံးအလုပ်ဆင်းတဲ့ရက်ပေါ့။
မက်သရူးတစ်ယောက် ဘွဲ့ရပြီးပြီးချင်း
ကုမ္မဏီကြီးတစ်ခုမှာ အလုပ်သင်ဆင်းရသည်မို့ ဝမ်းသာနေလေသည်။
ကုမ္မဏီယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဝတ်ကာ အားမာန်အပြည့်နဲ့ခြေလှမ်းတွေက
ကုမ္မဏီ‌ဆီသို့ လှမ်းလျက် ။ ‌
ကုမ္မဏီထဲရောက်တော့ သွားရမည့်အထပ်ကို မသိသေးသည်မို့ ဧည့်ကြိုကောင်တာတွင် အရင်ဝင်မေးရ၏။

" တဆိတ်လောက်ဗျ Design ဌာနကဘယ်အထပ်မှာလဲမသိဘူး "

" ချိန်းထားတာရှိလို့လားရှင့် "

ဧည့်ကြိုဝန်ထမ်းကောင်မလေးကမေးတော့

" မဟုတ်ပါဘူးဗျ ဒီနေ့မှအလုပ်သင်စဆင်းရမှာမို့ပါ "

" ဪ ဟုတ်ကဲ့ Design ဌာနက ၈ လွှာမှာပါရှင့် "

" ဟုတ်ကဲ့ကျေးဇူးပါဗျ "

မက်သရူးတစ်ယောက်နှုတ်ဆက်ကာ ဓာတ်လှေကားရှိရာဆီလျှောက်လာတော့သည်။
ဓာတ်လှေကားရောက်သည်နှင့် စိတ်လှုပ်ရှားမှုများနှင့်အတူ ၈ လွှာသို့တက်ခဲ့လေသည်။
ဓာတ်လှေကားတံခါးဖွင့်သည်နှင့် မြင်နေရသည့် ဌာနကြောင့် ပို၍ပင် စိတ်လှုပ်ရှား‌လာလေသည်။

" မင်္ဂလာပါဗျ ကျွန်တော်က ဒီမှာ အလုပ်သင်ဆင်းမယ့် ဆော့မက်သရူးပါ "

" အာ မက်သရူးရေ လာ လာ ကျွန်တော်ကစောင့်နေတာဗျ "

အဖွဲ့မှူးဖြစ်ဟန်တူသော လူက သူပြောတာကြားလို့ထင်သည် လာရောက်နှုတ်ဆက်ကစကားစလေ၏။

" ကျွန်တော်မိတ်ဆက်ပေးပါမယ်။
အားလုံးပဲ ဒါက ဒီနေ့ကစပြီး ကျွန်တော်တို့ ဒီဇိုင်းဌာနမှာအလုပ်သင်ဆင်းမယ့် သူပါ "

ထိုသူမိတ်ဆက်ပေးတော့ မက်သရူးကပင် မဆိုင်းမတွ နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါဗျ ။ ကျွန်တော် နာမည် ဆော့မက်သရူးပါ။  ဒီနေ့ကစပြီး ဒီဇိုင်းဌာနမှာ အလုပ်သင်ဆင်းမယ့်သူပါ။
ရင်းရင်းနှီးနှီး မက်သရူးလို့ ခေါ်လို့ရပါတယ်ဗျ။ လိုအပ်တာရှိရင် သင်ပြပြီး ဂရုစိုက်ပေးပါဦး "

Boys Planet's Fanfic Project One Short Collection Where stories live. Discover now