Friend But Lover (GyuJin)

401 39 0
                                    

" ဟန်ယူဂျင်း "

ဟန်လုပ်ငန်းစုရဲ့တစ်ဦးတည်းသောသား။
မိသားစုစီးပွားရေးကို ကူညီဖို့ အမေရိကနေ
ဘွဲ့ယူပြီး ဆိုးလ်ကိုပြန်လာ‌တာသိပ်မကြာ
သေးပေမယ့် လုပ်ငန်းရှင်တွေကြားမှာတော့
ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းကိုဦးစီးနိုင်တဲ့
သူဆိုပြီး နာမည်ကြီးလို့ ။ အသက်ငယ်ပေ
မယ့် စည်းစနစ်ကြီးသောကြောင့် ဝန်ထမ်း
များကြားမှာလည်း လေးစားခံရသူ။
.
.
ဟန်ယူဂျင်းတစ်ယောက် အခန်းထဲတွင်ထိုင်ကာ အစည်းအဝေးတွင်တင်ပြကြမည့်
လုပ်ငန်းနှင့်ပတ်သတ်သည့် အချက်အလက်များကို ထိုင်ဖတ်နေဖြစ်သည်။

" ယူဂျင်းရေ ထမင်းမစားဘူးလား "

မေးလိုက်သည်က ယူဂျင်းရဲ့ အတွင်းရေးမှူး
တစ်ဖြစ်လည်း သူငယ်ချင်းဖြစ်သည့်
ဂင်ဂယူဘင်း ဖြစ်သည်။

" အင်းခဏလေးဒါလေးလတ်စသတ်ဦးမယ်"

" နောက်မှ ဆက်လုပ်ပါလားကွာ
အစည်းအဝေးကလည်း လိုပါသေးတယ်
မင်းမနက် ရောက်ကတည်းက ဘာမှမစား
ရသေးဘူးလေ "

ဂယူဘင်းပြောမှ ယူဂျင်းသတိရသည်။
ဟုတ်သားပဲ မနက်ကလည်းနောက်မှစားမယ်
ဆိုပြီး‌ထွက်လာတာ မေ့သွားသည်။

" အင်းသွားမယ် "

ကျန်သည့်အချက်အလက်များကို ထမင်းစား
ပြီးမှသာဖတ်ဖို့ချန်ထားခဲ့လိုက်သည်။
.
.
" ဘယ်လိုလဲ အဆင်ပြေရဲ့လား "

မေးလိုက်သည်က ဂယူဘင်းပင်။

" အင်းပြေပါတယ် "

" ပင်ပန်းတယ်မလား "

" နည်းနည်း "

" ဒီလိုပါပဲ နောက်ဆို ဒီလုပ်ငန်းမင်းပဲ တာဝန်
ယူရမှာဆိုတော့ ပိုပြီးပင်ပန်းဦးမှာပဲ "

ယူဂျင်း သက်ပြင်းချမိသည်။
လုပ်ငန်းကြီးတစ်ခုလုံးကို တစ်ယောက်တည်း
ဦးဆောင်နေရတာပင်ပန်းတာတော့အမှန်ပင်။
အမေရိက ကပြန်လာပြီး အလုပ်စဝင်
ကတည်းက အနားမှာနေပြီး ကူညီပေးသည့်
သူငယ်ချင်းဖြစ်သူကြောင့်သာမဟုတ်လျှင်
သူထွက်ပြေးမိမှာ အသေအချာပင်။
ဂင်ဂယူဘင်း ဆိုသည့်အမျိုးသားမှာ သူ့
အတွက်တော့ သူငယ်ချင်းလို ညီအစ်ကို
လိုမျိုးမို့ သူ့အရှေ့တွင်‌တော့ လွတ်လပ်စွာ
ပင် ဟန်ဆောင်မှုကင်းစွာ နေလို့ရသည်မှာ
ကံကောင်းသည်ပင်။

Boys Planet's Fanfic Project One Short Collection Opowieści tętniące życiem. Odkryj je teraz