My Hyung (BinJin)

936 37 2
                                    

ဟန်ယူဂျင်းတစ်ယောက်ကတော့ မနက်ခင်းကို ဒီလိုမျိုးစတင်တယ် ။

" Hyung..."

မီးဖို‌ခန်းကနေထွက်လာတဲ့ အသံကြောင့် အခန်းထဲက ‌ဆောင်းဟန်ဘင်းတစ်ယောက် အိပ်ချင်မူးတူးနဲ့ ခေါင်းထောင်လာတယ်။
အသံကြားလိုက်တာ ဟုတ်ရဲ့လားလို့ တွေးနေစဉ်ထပ်ထွက်လာသော အသံကြောင့် အိပ်ခန်းထဲက‌နေအပြင်ကို ဝုန်းဒိုင်းပြေးထွက်ရသည်။

" Hyung ... လုပ်ပါဦး ကျွန်တော်ဆက်မကြော်ရဲတော့ဘူး "

အခန်းဝကနေမြင်လိုက်ရသည် က မုန်တိုင်းဝင်ထားသည့် မီးဖိုချောင်ပင်။
စားပွဲတစ်ခုလုံး ကြက်ဥခွံတွေနဲ့ ရှုပ်ပွနေပြီ ကြက်ဥချောင်းတွေ ပေါင်မုန့်တွေမှာလည်း ပျံ့ကျဲလို့ ။

" ဘာဖြစ်တာလဲ ယူဂျင်းနီးး "

"Hyung နိုးရင်အဆင်သင့်စားလို့ရအောင် ပေါင်မုန့်မီးကင်နဲ့အတူစားဖို့ ကြက်ဥချောင်းနဲ့ ကြက်ဥနဲ့ကို ကြော်မို့ အဲ့တာ အဲ့တာ "

ဆက်မပြောလည်း ဟန်ဘင်းနားလည်လိုက်ပြီ ။ မီးဖိုချောင်မုန်တိုင်းဝင်ရသည့်အကြောင်းအရင်းက ကြက်ဥကြော်ဖို့တဲ့လား ။

" မလုပ်တတ်ပဲနဲ့ယူဂျင်းရယ် ထားလိုက်တာမဟုတ်ဘူး Hyung နိုးလာရင် လုပ်ပေးမှာပေါ့ "

" ဒါပေမယ့် ကျွန်တော်က Hyung ကိုလုပ်ပေးချင်လို့လေ "

ခေါက်ဆွဲတောင်ဖြောင့်အောင်မပြုတ်တတ်တဲ့ကောင်လေးကသူ့အတွက် ကြက်ဥကြော်ပေးမည်တဲ့လား
ထိုစကားကြောင့် ဟန်ဘင်းမှာ ဝမ်းသာရသည်။
သူ့အတွက်မနက်စာလုပ်ပေးမည့် ယူဂျင်း၏စကားကြောင့် ဝမ်းသာရသော်လည်း မီးဖိုချောင်မှအစ တစ်အိမ်လုံးပြာမကျတာပင် ကျေးဇူးတင်ရမည်။

" ရပြီ ထိုင်တော့ Hyung လုပ်ပေးမယ် ယူဂျင်းနီးးက ဘာမှမလုပ်နဲ့ Hyung လုပ်ပေးတာကို စားဖို့ပဲ ထိုင်စောင့်နော် "

ခေါင်းလုံးလုံးကိုပွတ်ကာ ချော့ပြောတော့မှာ နှုတ်ခမ်းစူကာ အိမ်ရှေ့ထွက်သွားတော့သည်။
ဟန်ဘင်းတစ်ယောက် ယူဂျင်းဖွသွားသည်များကိုရှင်းကာ မျက်နှာတောင်မသစ်နိုင် မနက်စာလုပ်ဖို့ပြင်ရတော့သည်။
ငယ်ငယ်ကတည်းက ရင်းနှီးခဲ့သည့်ကလေးမို့ အလိုလိုက်ထားသည်ကြောင့် အနည်းငယ်တော့ဂျစ်ကျသည် ။
ဒါသည်လည်း ဆောင်းဟန်ဘင်းအပေါ်တွင်သာဆိုးသည့် ဟန်ဘင်းမျက်နှာတစ်ကမ္ဘာနှင့် ယူဂျင်းရယ်ပါ။
ဟန်ဘင်း အလုပ်လုပ်ဖို့ ဆိုးလ်ကိုပြောင်းတော့ ဟန်ဘင်းနှင့်လိုက်မည်ဆိုကာ ဂျီကျနေသော
ယူဂျင်းကြောင့် မိသားစုတွေက ဟန်ဘင်းလည်းအဖော်ရအောင် ယူဂျင်းလည်းစိတ်ကျေနပ်အောင်
ဆိုကာ ဟန်ဘင်းနှင့်ဆိုးလ်ကိုလိုက်နေရန် ထည့်ပေးလိုက်သည်။
ကျောင်းကိုလည်း ဆိုးလ်ကိုပြောင်းကာတက်ရသည်။
မိသားစုတွေကစီးပွားရေးအဆင်ပြေသော်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်သည့်ဟန်ဘင်းကြောင့် ခွင့်ပြုလိုက်ခြင်းပင်။
ဆိုးလ်ကိုရောက်တော့ ငြင်းနေသည့်ကြားကမိသားစုက အတင်း‌ဝယ်ပေးထားသည့် ကွန်ဒိုတွင် နှစ်ယောက်လုံးနေရတော့သည်။

Boys Planet's Fanfic Project One Short Collection Where stories live. Discover now