အပိုင်း (၂၂)

Bắt đầu từ đầu
                                    

အခြေအနေသိရအောင်လို့ ရှေ့ကသွားနှင့်သော ကပ္ပိယကြီးနောက်က လိုက်ကာသွားတော့
ကပ္ပိယကြီးက ဆွမ်းစားဆောင်ကြီးထဲဝင်သွားသည်။
အထဲရောက်တော့ ဆရာတော်ကြီးတွေရော ဦးဇင်းတွေကပါ ရောက်နေကာ မြတို့ကိုစောင့်နေပုံပေါ်သည်။

မြလည်းခပ်သုတ်သုတ်သွားရင်း
ဆရာတော်ကြီးနားရောက်တော့ စကားအပိုမပြောတတ်သော ဆရာတော်ကြီးက စားပွဲကိုကိုင်စေကာ
မြကိုဆွမ်းကပ်စေသည်။

ဘုန်းဘုန်းကြီးသည် ဤကဲ့သို့မွေးနေ့အလှူပြုလုပ်ရခြင်းအတွက်ကြောင့်အစချီကာ ရွတ်ဆိုစရာရှိတာတွေရွတ်ဖတ်သွားသည်။
မြမှာတော့ အံ့သြနေရလို့ လိုက်သာဆိုနေရပေမဲ့
စိတ်ကတောင်ရောက်မြောက်ရောက်ဖြစ်နေသည််။
ဆွမ်းကပ်ပြီးလို့ လက်အုပ်လေးချီကာ ဆရာတော်ကြီးတွေနားက ထွက်လာကာ ပြတင်းပေါက်နားလေးရပ်နေရင်း အပြင်ကိုလှမ်းကြည့်မိတော့ ကျောက်သင်ပုန်းကြီးပေါ်မှာ ပြူးနေသောရေးထားသော မိမိနာမည်ကြီးကိုတွေ့လိုက်ရသည်။

''မြပိတောက်ကြည်သာ
အသက်(၂၁) နှစ်ပြည့် မွေးနေ့အကြိုစတုဒီသာ ''တဲ့။

ဟဲ့ ပြီးတာပဲ.....။
ဘယ်သူလှူတာတုန်း။
အမေကြည့်တော့လည်း သူ့ဟာသူတောင်
နားလည်ရခက်နေတဲ့ပုံ။
တော်တော်စဥ်းစားရကြပ်နေတာမို့ ပြတင်းပေါက်ဘေးကဖြတ်သွားတဲ့ ကပ္ပိယကြီးကိုပဲ လှမ်းခေါ်ကာ တိတ်တိတ်လေးမေးရသည်။

''ကောင်လေးတစ်ယောက်ပဲ ငါ့တူမရဲ့
အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်လောက်တော့ရှိမယ်ထင်တယ်
မနေ့က ညနေခင်းကြီးကို ချက်ချင်းလာလျှောက်တာ
ဆရာတော်ကြီးကလည်း နေ့ဆွမ်းအလှူရှင်မရှိတာနဲ့လက်ခံလိုက်တာ
ညည်းက ကာယကံရှင်ကို မသိဘူးလား''

''သိဘူး ဘကြီးရဲ့
ခုမှ သိတာ''

''အေး ဒါဆို ခုခေတ် ခေတ်စားနေတဲ့
ဟို.... ဘာတဲ့ စပရိုက်လုပ်တာထင်တယ်''

''ဟုတ်...ဟုတ်မယ်ထင်တယ်''

''ဒါမျိုး စပရိုက်ကကောင်းပါတယ်ကွယ်
ကုသိုလ်တွေကို အများကြီးရရောပဲ
ကိုယ်ချစ်ရတဲ့သူကို သံသရာမှာပါ ကောင်းအောင်လုပ်ပေးနေတာ''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Nơi câu chuyện tồn tại. Hãy khám phá bây giờ