အပိုင်း (4.3)

Start from the beginning
                                    

'' မင်းက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ? ''

ကျိုးကောအာလည်း သူ့ဘာသူ မေးလိုခဲ့တယ်။

သူက ဘာလို့ ဒီနေရာကို လာရတာလဲ?

ဖြစ်နိုင်တာကတော့ တစ်စုံတစ်ယောက် က အပြင်ထွက် ခါနီး သူ့ကို ပြန်လာခဲ့မယ် လို့ အထူးမှာကြား သွားတာကြောင့် ခြေထောက်ကို ဆွဲကာ လာစောင့်မိတာ ဖြစ်နိုင်ပါတယ်။

သူက ခေါင်းကို ငုံ့ထားကာ ဒါက ရှန်ယုရွာရဲ့ ဓလေ့ တစ်ခု လို့ ပြောချင်ခဲ့တယ်။

တကယ်လို့ စျေးသွားတဲ့ မိသားစုဝင် တစ်ယောက် က မှောင်တဲ့အချိန်ထိ ပြန်မရောက်သေး ရင် အိမ်က မိသားစုဝင် တစ်ယောက် က သူတို့ကို လာကြိုရလေတယ်။

ဒါပေမယ့် သူက စကားကို ထုတ်မပြောခဲ့ပဲနဲ့ အရှေ့ကို ဖြေးဖြေးချင်း ထော့နဲ့ ထော့နဲ့ နဲ့ လျောက်လာခဲ့တယ်။

ကျောက်ချင် က သူ ပဲ လှုပ်ရှားသင့်လား ဒါမှမဟုတ် ဒေါသပဲ ထွက်လိုက်သင့်လား ဆိုတာကို သူတကယ် မသိတော့ပေ။ သူအပြင် မထွက်ခင်တုံး က ကောင်လေးကို လျောက်မသွားဖို့ သေချာမှာထား ခဲ့တယ်။ ကောင်လေး က သူ့စကားကို နားမထောင်တဲ့ အပြင် အခုလို အဝေးကြီး ထိပါ ပြေးလာလိုက်သေးတယ်။ ကံကောင်းစွာနဲ့ပဲ ကောင်လေး က ခြေဗလာ မဟုတ်တော့ပေ။ ဖိနပ်အပါး တစ်စုံ ကို စီးထားခဲ့လေတယ်။

ညအမှောင်မှာ ကောင်လေး က ဘယ်ဖိနပ် စီးထားသလဲ ဆိုတာကိုတော့ သူမမြင်ရပေမယ့် ဖိနပ်စီးထား တာတော့ သိလေတယ်။

ပြောနေစရာကို မလိုပေ။ လှုပ်စိလှုပ်စိ လာနေရတာက တကယ့်ကို စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလေတယ်။

ကျောက်ချင်က ကောင်လေး ဆီကို ခြေနှစ်လမ်း လောက်နဲ့ အမြန်သွားလိုက်ကာ သူဝယ်လာတဲ့ အထုတ်ကို လက်ထဲ ထည့်ပေးလိုက်တယ်။

'' ယူလိုက် ''

ကောင်လေး က သူခိုင်းသမျှကို အတော်လေး နာခံလေတယ်။ အခုလဲ ကမ်းပေးတဲ့ အထုတ်ကို ဘာမှ မမေးပဲ လိမ်လိမ်မာမာ လေး လက်ကမ်းယူ လိုက်လေတယ်။

ကျောက်ချင် က ကောင်လေး ရှေ့ကို သွားလိုက်ပြီးတော့ ငုတ်တုပ်ထိုင်လိုက်တယ်။

'' တက်လိုက် ၊ ငါမင်းကို ပြန်သယ် သွားပေးမယ် ''

ကျောက်ချင် က သူပြောသလို မျိုး ပြန်သယ်သွားမှာ ကြောက်တဲ့ အလား ကျိုးကောအာ က အနောက်ကို ခြေနှစ် လှမ်းလောက် ဆုတ်လိုက်လေတယ်။  သူ့ကို သယ်ဖို့ ကျောက်ချင် အား ဘယ်လို ခွင့်ပြုပေးရမလဲ?

ကျောက်ချင် က ရှည်ရှည် ဝေးဝေး မပြောချင်တော့ပေ။ သူ့ရဲ့ အသံက အတော်လေးကို ပြင်းထန် လေတယ်။

'' မင်းက နှေးတယ်။ ဘယ်အချိန်မှ အိမ်ပြန်ရောက်မှာတဲ့လဲ? ငါ တစ်နေ့လုံး ဘာမှ မစားရသေးဘူး ကွ''

'' ငါ မြန်မြန် သွားနိုင်ပါတယ် ''

ကျိုးကောအာ က အမြန်ပဲ ခုခံလိုက်တယ်။

ကျောက်ချင် က သူပြောတာကို နားမထောင်ပေ။ ပြီးတော့ သူက ကျိုးကောအာ ရှိတဲ့နားကို လာပြီးတော့ ဆွဲတင်ကာ နောက်ကျော ပိုးချ လိုက်လေတယ်။

ကျိုးကောအာ က ရုန်းကန်ချင်ပေမယ့် ရပ်တန့်လိုက်တယ်။

'' မလှုပ်စမ်းနဲ့။ ခဏနေ ကျရင် ငါတစ်ယောက် ယောက်ကို မြေပြင်ပေါ် ကျတဲ့ အထိ ရိုက်မိလိမ့်မယ် ''

ထိုစကားလဲ ကြားပြီးနောက် ကျိုးကောအာ က တကယ် မလှုပ်တော့ပေ။ ကျောက်ချင် က သူ့ကို ခြောက်လန့် လိုက်ရုံ သပ်သပ်သာ ဖြစ်လေတယ်။

မမျှော်လင့်စွာနဲ့ ပဲ အဲ့တာက ကျိုးကောအာ ရဲ့ ရင်ထဲ ကိုစိုက် ဝင်သွားခဲ့တယ်။ ကျောက်ချင် ကတော့ မူလ ကိုယ်က ကျိုးကောအာကို အရင်က အဲ့လို ရိုက်ဘူးတယ် ဆိုတာ ကို တကယ် မသိပါပေ။

နှစ်ယောက် လုံး က တစ်လမ်းလုံး တိတ်ဆိတ်စွာ ပဲ လာကြပြီးတော့ အပြင် က ခွေးဟောင် သံ တစ်ခုကိုသာ ကြားနေရလေတယ်။

........................

နှစ်ပိုင်းနော်!

တံငါသည် (BL) Where stories live. Discover now