"ထင်လင်းသိုက်ရဲ့ကျောင်းမှာတောင် မတတ်ချင်တော့ဘူးဆိုတော့  အဲ့ဒီဟော့ဝပ်ကျောင်းက တော်တော်လေးအဆင့်မြင့်တာလား။ပြောစမ်းထင်လင်းသိုက်။ အဲ့တာ ဘယ်နားက၊ဘယ်လိုကျောင်းလဲ"

"တောင်းပန်ပါတယ် ဒယ်ဒီ။ဟော့ဝပ်ကျောင်းဆိုတာက မီးငယ်ကြည့်တဲ့ Harry Potter
ဇာတ်ကားထဲက မှော်ပညာသင်ပေးတဲ့ကျောင်းပါ"

"ဘယ်လို ! "

"မီးငယ်ဝတ်ထားတဲ့ဝတ်စုံက အဲ့ဒီကကျောင်းဝတ်စုံဆိုတာမှန်ပေမဲ့ အပြင်မှာတကယ်မရှိပါဘူး။ခုနက မီးငယ်ပြောနေ၊ရွတ်နေတာတွေကလည်း အဲ့ဒီဇာတ်လမ်းထဲက မှော်ဂါထာတွေချည်းပါပဲ"

"ဘာ ! "

"ကိုယ်တောင်းပန်ပါတယ်။ကလေးက ဘာမှနားမလည်သေးတော့...."

"တော်စမ်း... ကလေး ကလေးနဲ့ ဟိုကမင်းကို
ဆွဲစားသွားတဲ့အရွယ်ဖြစ်နေပြီ။မင်းမျက်လုံးထဲ ၃နှစ်သမီးလေးလို့ထင်နေတုန်းလား"

"ဟုတ်ပါတယ်။မီးငယ်က ငယ်သေးလို့ပါဒယ်ဒီ"

"အဲ့တာဆိုမယူနဲ့။ငယ်သေးရင် မင်းမယူနဲ့"

"ဟို ... အဲ့လောက်ထိလည်းမငယ်တော့ပါဘူး"

"ထင်လင်းသိုက် ! "

"ဝင်ဂါဒီယမ် လီဗီအိုစာ"

"ဟား ... ဒီဟာတွေနဲ့တော့"

သားဖြစ်သူကိုဆူဖို့အော်လိုက်ပေမဲ့ ကလေးမက ဦးLသိုက်နဖူးဆီ မှော်တုတ်တံဖြင့်လာတို့ကာ မှော်ဂါထာကိုရွတ်လိုက်တာမို့ မထိမ်းနိုင်ပဲရယ်ချမိကုန်၏။

"မင်းကွာ ဘယ်လိုဟာလေးကိုမွေးစားထားတာလဲ"

"အဲ့တာရေစက်လို့ခေါ်တယ် ဖိုးဖိုးကြီးရဲ့။လူ့ဘဝတိုတိုလေးမှာ တစ်ယောက်နဲ့တစ်ယောက်တွေ့ရတာဟာ အတိတ်ဘဝက ရေစက်ပါလာလို့တဲ့"

"မင်းကိုဘယ်သူပြောတာလဲ"

"အန်ကယ်သန့်။ပြီးတော့ မှာလိုက်တာရှိသေးတယ်"

"အဲ့ကောင်က ဘာတဲ့လဲ"

"ဖိုးဖိုးကြီးကို ကန်တော့ရမယ်တဲ့"

"ဘယ်လို"

"ဟုတ်တယ်။အန်ကယ်သန့်ကပြောတယ်။
မီးငယ်ကတဲ့ ဖိုးဖိုးကြီးကိုအပြစ်တွေအများကြီးလုပ်ထားတာတဲ့ အဲ့တာကြောင့် အပြစ်တွေချေပေးပါဆိုပြီး ဝန်ချကန်တော့ရမယ်တဲ့။မဟုတ်ရင် ဖိုးဖိုးကြီးက သူ့သားကို မပေးပဲနေမယ်တဲ့.... အန်ကယ် ရေချယ်ပြောတာမှန်လား"

HUSBAND:DaddyWhere stories live. Discover now