အပိုင်း (2.1)

Start from the beginning
                                    

ဒါက အရမ်းကို ပဲ နွေးထွေးတဲ့ အရာပါ။

ဒါပေမယ့် နွေးထွေးတာ က နွေးထွေးတာပဲ။ သူရှေ့က လူကတော့ သူ့ရဲ့ ဆွေမျိုး တစ်ယောက် မဟုတ်ခဲ့ပါပေ။

သူက တစ်ဖက် လူရဲ့ အမည်ကိုတောင် သိမနေခဲ့ပါပေ။

အခု က တစ်ခြား တစ်ယောက် ရဲ့ နာမည်ကို မေးတာက သင့်တော်တဲ့ အချိန်အခါ မဟုတ်ဘူး ဆိုတာကို သူသိနေပေမယ့်လည်း သူက ထိုကောင်လေးရဲ့ ယောကျာ်း မဟုတ်မှတော့ နာမည်က အနှေးနဲ့ အမြန် သိလို လာရမှာပဲလေ။ ဒါကြောင့် သူက ထိုကောင်လေး ကို မေးလိုက်လေတယ်။

'' မင်းနာမည် က ဘယ်လို ခေါ်လဲ? ''

ကျိုးကောအာက ရပ်တန့်လိုက်မိတာ ကြောင့် သူ့လက်တွေ အပူလောင် သွားလေတယ်။

အိမ်ပြန်လာပြီးတဲ့ နောက်မှာ ကျောက်ချင် က အတော်လေး ပြောင်းလဲ သွားတယ်လို့ ကျိုးကောအာ ခံစားနေရလေတယ်။

သူက သူ့ရဲ့ မူရင်းပုံစံကို ဖော်ပြမှာ သိပ်မကြာတော့ဘူး လို့ မမျှော်လင့်ထား ခဲ့ပေ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ အတူတူ နေလာတာ က ကြာပြီလေ။ ကျောက်ချင်က သူ့ရဲ့ ကိုယ်ပိုင်နာမည် ကိုတောင်မှ မသိဘူးလို့တော့ သူ တကယ် မထင်ထားခဲ့မိပေ။

ကျောက်ချင် က သူ့ကို ဟေး၊ ဟဲ့ ၊ စသည်ဖြင့် ခေါ်လေ့ ရှိတယ်။ ကျိုးကောအာရဲ့ စိတ်ထဲမှာတော့ ကျောက်ချင် က သူ့ကို မုန်းနေတယ် လို့ပဲ ထင်နေပေမယ့် ကျောက်ချင် က သူ့ကို ဂရုကိုမစိုက်ဘူး ဆိုတာကိုတော့ မမျှော်လင့်ထား ခဲ့မိပေ။ သူ့ကို အိမ်အကူ တစ်ယောက်လို ဆက်ဆံခဲ့ရင်တောင်မှ ပေါ့လေ။

ကျိုးကောအာက အေးစက်တဲ့ အသံနဲ့ ပြန်ဖြေ လိုက်တယ်။

''ကျိုးရှောက်ယု ''

ကျောက်ချင် က အရင်နဲ့ အမူအကျင့်တွေ အရမ်းကြီးကို ကွာဟ နေကာ သူက ဆက်ပြောလာတယ်။

'' ငါ မင်းကို အသိပေးစရာ တစ်ခု ရှိတယ်။ ငါက မင်းရဲ့ လူမဟုတ်ဘူး ''

ကျောက်ချင် ထင်ထားခဲ့တာက ကျိုးကောအာ ဟာ အံ့သြ သွားပြီးတော့ ကြောက်ရွံ့သွားလိမ့်မယ် လို့ပေါ့လေ။ ဒါပေမယ့် သူက အတည်ငြိမ်ဆုံး အသံနဲ့ တုံ့ပြန်လာလိမ့်မယ် လို့တော့ မမျှော်လင့်ခဲ့မိပေ။

တံငါသည် (BL) Where stories live. Discover now