"ဟား ဟား ခွေးပေါက်က ခွေးကြောက်လို့တဲ့ဟေ့ ကြားကောင်းကျရဲ့လား"

မီးဖိုခန်းထဲ ဟင်းချက်နေရင်း ဧည့်ခန်းထဲထိုင်နေတဲ့ မီးငယ်ကို လှမ်းစနေတဲ့ မင်းသန့်ပြုံးမောင်ရဲ့ ရယ်သံကြီးက ကျယ်လောင်စွာထွက်လာလျက်...

"တကယ်ပြောတာ မီးငယ်။အန်ကယ့်ကို လမ်းထိပ်ကစတိုးဆိုင်သွားပေးအုံး... ဆားကုန်နေပြီ။အန်ကယ် ဒီမှာ ဟင်းအိုးတန်းလန်းကြီးနဲ့ကြောင့်မို့"

"ဟင်းအိုးကို ရေချယ်ကြည့်ထားလိုက်မယ်လေ။ အန်ကယ်သွားဝယ်လိုက်ပါလား"

"တော်ပါပြီ မရေချယ်ခင်ဗျာ။တစ်အိမ်လုံး ငတ်ကုန်ပါ့မယ်"

"အဲ့တာဆို နေရောင်တို့အိမ်က နည်းနည်းလေးသွားတောင်းပေးမယ်လေ"

"ဝယ်ရမဲ့အတူတူ သွားဝယ်လိုက်ပေါ့မီးငယ်ရဲ့"

"အဲ့တာဆို ကားမောင်းသွားလိုက်မယ်"

"ငရဲအိုးကို ဒုတ်နဲ့သွားမထိုးစမ်းနဲ့ ချစ်သမီး။ လမ်းလျှောက်ပြီးပဲ သွားပါ။မသွားရဲရအောင် ချစ်သမီးက ငကြောက်လေးလား "

လမ်းထိပ်ကအိမ်မှာ မွေးထားတဲ့ခွေးကြီးက အဲ့ဒီတိုက်ရှေ့က ဖြတ်သွားတဲ့လူတိုင်းကို ဟောင်တယ်တဲ့။  ဟိုရက်က သိမ့်သိမ့်နဲ့မြတ်နိုး စတိုးဆိုင်ကိုသွားတာတောင် ခွေးဟောင်လွတ်လိုက်လို့ ပြန်ပြေးခဲ့ရတာတဲ့။ဒါတွေကို
ကြားထားပြီးလို့ ကြောက်တာ ရေချယ့်အလွန်မဟုတ်ပေမဲ့.....မသွားပေးပြန်ရင်လည်း
အန်ကယ်သန့်က ငကြောက်လေးလို့ စတော့မည်။တခြားသူကို ခေါ်သွားရအောင်ကျတော့ အန်ကယ်သိုက်ကလည်း ကျောင်းသွားသလို၊ အန်ကယ်နဂါးကလည်း ပြင်ဦးလွင်က ဧည့်သည်တွေရောက်ခဲ့လို့ ဟိုတယ်ကိုထွက်သွားသည်။
ရေချယ်ကသာ မနက်ပိုင်းအတန်းချိန်မရှိလို့
နေ့လည်မှ ကျောင်းသွားဖို့ အိမ်မှာကျန်နေခဲ့တဲ့ အလုပ်လက်မဲ့လေး...

"သမီးရေ သွားမယ်ဆိုမြန်မြန်သွားကွာ။မဟုတ်ရင် ဆားမပါတဲ့ဟင်းကြီးစားရမှာနော်"

"ဟိုက် ဟိုက် သွားပေးမယ်လို့။ပိုက်ဆံကရော..."

"အန်ကယ့်အိတ်ထဲက ယူသွား"

HUSBAND:DaddyWhere stories live. Discover now