"ချစ်ကျတဲ့သူအချင်းချင်းပဲ...အစ်ကိုလည်း ဝမ်းသာပါတယ်"

ဝဲဘက်ရင်အုံကအောင့်သက်စွာနာကျင်လာမှုကို လျစ်လျူရှူထားကာ ပြုံးရပေမဲ့ ထိုအပြုံးက ပီပြင်ရဲ့လားမသိတော့ပါ။တစ်ချိန်ချိန်လက်ထပ်ကျမှာကို သိထားပေမဲ့ အခုလိုကြားလိုက်ရတဲ့အချိန် ဟန်မဆောင်နိုင်လောက်အောင် ပြိုလဲရသည်။

"ရေချယ်ကတော့ ပျော်နေတာပဲ။အဲ့ကလေးမမျက်နှာများ ပြုံးနေတာပဲ"

ဟုတ်မှာပါ... သူမ ချစ်တဲ့သူနဲ့လက်ထပ်ရမှာကို သေချာပေါက်ပျော်နေမှာပေါ့။အဲ့ဒီကလေးမလေး စိတ်ချမ်းသာပြီး၊ပျော်နေတယ်ကြားရတာ ဝမ်းသာပေမဲ့ ရင်ထဲစို့နင့်ကာ နာကျင်မှုကလည်း လျော့မသွားခဲ့ပါ။ပိုင်ဆိုင်ခွင့်ရဖို့ မျှော်လင့်မထားခဲ့ပေမဲ့ ... လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ သေချာမှုတစ်ခုမှာ သူ့ကမ္ဘာပြိုရသည်။

"အစ်ကို... အစ်ကိုဇေး တံတားပေါ် ဆက်မသွားတော့ဘူးလား"

"အစ်ကိုသွားခဲ့ပြီးပြီ"

"လိမ်တာ... အစ်ကိုခုနကမှ တံတားပေါ်စတတ်တာ ကျွန်တော်မြင်သားပဲ။ဘာဖြစ်လို့လဲ ကျွန်တော်နဲ့ အတူမသွားချင်လို့လား"

"မဟုတ်တာပဲ နေရောင်ရာ"

"ဒါဆိုသွားကျမယ်လေ"

ခေါင်းညိတ်ပြရင်းသာ အသာလိုက်လာခဲ့ရပေမဲ့ လီယိုဇေးရဲ့လှုပ်ရှားမှုအားလုံးက နှေးကွေးလေးလံနေသည်။

ရင်ဘတ်ထဲကနာကျင်မှုက ဖုံးကွယ်ထားလို့
မရနိုင်အောင်ဖြစ်ရသည်မို့ ဟန်ဆောင်ပြီးတောင်မပြုံးနိုင်တော့ဘူးတဲ့။

မပိုင်ဆိုင်ရတော့ဘူးဆိုတော့လည်း ကိုယ့်ကမ္ဘာပြိုရတာပါပဲ မီးငယ်ရယ်။ထာဝရအတွက်က
ရင်ထဲသိမ်းပြီးချစ်နေယုံ၊ငေးကြည့်နေယုံပဲ တတ်နိုင်တော့တာပါလား။

:::::::::::::

"မီးငယ်ရေ"

"ဟိုက်"

"အန်ကယ့်ကိုလမ်းထိပ်ခဏသွားပေးအုံး သမီးရေ"

"ဟာ ! လမ်းထိပ်ကအိမ်မှာ အာဝုအကြီးကြီးမွေးထားတာ မသွားရဲပါဘူး"

"သြော် သူကိုက်တော့လည်း မီးငယ်ကပြန်ကိုက်ခဲ့လိုက်ပေါ့"

"အားးး အန်ကယ်သန့်... မစပါနဲ့ဆို"

HUSBAND:DaddyWhere stories live. Discover now