chapter~>23

971 182 3
                                    


ချင်ရှီထျန်နှင့် နျဲ့ချင်းချန်ကြားမှာ ဆက်နွယ်မှုရှိရင်ရှိ၊ မရှိရင် သူတို့က တစ်ယောက်တည်း ဖြစ်နိုင်သည်။ ခန္ဓာကိုယ် ဘယ်လိုပဲ ပြောင်းသွားပါစေ သူတို့ဝိညာဉ်က ခံစားချက်မှာ အတူတူပင် ဖြစ်သည်။

ထိုသို့ကောက်ချက်ချပြီးနောက် ကုပိုင်က သူ၏လက်ရှိခံစားချက်ကို နားမလည်နိုင်ခဲ့ပေ။ စိတ်လှုပ်ရှားသွားတာလား။ ပျော်သွားတာလား။ ဒါမှမဟုတ် အခြားတစ်ခုလား။ သူ့နှလုံးသားက မခုန်သေးတာကြောင့် ဘယ်လိုခံစားရမှန်း သူ မသိဘူး။ ခံစားချက်က အရမ်းကောင်းနေတယ်။

အဲဒါက သူ ထင်သလောက် မရှုပ်ထွေးတာလည်း ဖြစ်နိုင်တယ်။ တိုက်‌ဆိုင်မှုတစ်ခု ဖြစ်နိုင်တယ်။ အဲဒီလူက လူပြန်ဝင်စားလာပြီး သူတို့ ထပ်တွေ့ကြတယ်။ ဒါက အဲဒီလောက် ရိုးရှင်းပါတယ်။

သူ့မှာ နှလုံးသားမရှိဘူးလို့ ပြောခဲ့ပြီးဖြစ်တာကြောင့် ခဏလောက်တွေးတောပြီးတဲ့နောက် ကုပိုင်က တည်ငြိမ်သွားသည်။ အနာဂတ်က ဘယ်လိုဖြစ်မလဲ သူ မသိပေမယ့် အခုတော့ သူက ဒီကမ္ဘာမှာ ဖြတ်လျှောက်လေးတစ်ယောက်သာ ဖြစ်သည်။ ဒါကြောင့် မစ်ရှင်ပြီးဖို့က သူ့ရဲ့ပထမဦးစားပေးပါပဲ။

အားကျို့၏ဆန္ဒမှာ မိုကွေ့၏ဂိုဏ်းခေါင်းဆောင်ကို ကာကွယ်ရန်ဖြစ်သည်။ ယခင်က သူ၏နိမ့်ကျသော စွမ်းရည်ကြောင့် ချင်ရှီထျန်အနားတွင် ရှိနေခဲ့သော်လည်း ယခုအခါ လျှို့ဝှက်ဆန်းကြယ်သောသခင်၏ အကူအညီဖြင့် သူ၏ကျင့်ကြံရေးမှာ ရွှမ်အဆင့်ထိ တိုးမြင့်သွားခဲ့သည်။

ထို့ကြောင့် သူ ချင်ရှီထျန်အနားမှာ မရှိရင်တောင် ချင်ရှီထျန်ကို ကောင်းစွာကာကွယ်ရန် သူ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါသေးသည်။ ကုပိုင်သည် သူ့အား လက်နက်ခန်းမသို့ ရာထူး‌လျော့ချခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် လက်ခံလိုက်သည်။


လက်နက်ခန်းမသည် ၎င်း၏အမည်အတိုင်း မိုကွေ့၏လက်နက်များကို  သန့်စင်သည့်နေရာဖြစ်သည်။

ဤစိတ်ကူးယဉ်ကမ္ဘာရှိ လက်နက်များကို သန့်စင်ခြင်းသည် သေမျိုးကမ္ဘာတွင် သံများကို မီးဖုတ်ပုံသွင်းခြင်းနှင့် ကွဲပြားသည်။ လက်နက်သန့်စင်ရန်  လူတစ်ယောက်၏ကိုယ်ထဲရှိ စိတ်စွမ်းအားကို အသုံးပြုရသည်။ ချွန်ထက်သည့်အပြင် သန့်စင်သော လက်နက်များတွင် ဝိညာဉ်ရေးတိုက်ခိုက်မှုအချို့လည်း ပါရှိသည်။ အလွန်အံ့သြဖွယ်ကောင်းလှသည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now