chapter~>20

896 173 6
                                    


ချင်ရှီထျန်၏နေ့စဉ်ဘဝကို ခစားရန်မှာ
မခက်ခဲပေ။ ချင်ရှီထျန်၏နေ့စဉ်ဘဝသည် အလွန်ငြီးငွေ့ဖွယ်ကောင်းလှသည်။ ဂိုဏ်း၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည်မှလွဲ၍ သူသည် ကျင့်ကြံနေတာ မဟုတ်ရင် မိုဟိုက်ကောဆီ သွားလည်တတ်သည်။

သို့သော် မိုဟိုက်ကောက သူ့အပေါ် အလွန်အေးစက်နေဆဲပင်။ မိုဟိုက်ကောဆီ သွားလည်ပြီးသည့်အချိန်တိုင်း သူ၏စိတ်အခြေအနေနှင့် ဒေါသက ပိုမိုဆိုးရွားလာတတ်ပြီး သူ့ပတ်ပတ်လည်ရှိ ‌အအေးဓာတ်က သုညဒီဂရီအောက် ကျဆင်းသွားလိမ့်မည်။

ဒါကိုမြင်တိုင်း ကုပိုင်၏စိတ်ထဲမှာ မငြီးတွားဘဲ မနေနိုင်ချေ။ မိုဟိုက်ကောက မကြည်ဖြူမှန်း သိသာပေမယ့် ချင်ရှီထျန်က သူ့ဆီ ဇွတ်တရွတ် ဆက်သွားနေဆဲပင်။ ဒါက သူ့ကိုယ်သူ ဒုက္ခရှာနေတာပဲ မဟုတ်ဘူးလား။

အချစ်မှာ နစ်မွန်းနေတဲ့ခံစားချက်ကို သူ နားမလည်နိုင်ဘူး။ အရင်ကမ္ဘာမှာတုန်းကလိုပဲ။ နျဲ့ချင်းချန်က သူ့ကို ချစ်မိသွားတယ်ဆိုတာ သူ သိတယ်။ သူလည်း နျဲ့ချင်းချန်အပေါ် ခံစားချက်ရှိတယ်ဆိုပေမယ့် သူရဲ့ကိုယ်ပိုင်နှလုံးခုန်သံကို သူ မခံစားရဘူး။ အချစ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ သူ မသိဘူး။

သူက တကယ်ပဲ နှလုံးသားမရှိဘူးလားဆိုတာ ကုပိုင် မသိတော့ဘူး။ သူ့နှလုံးသားကို ထိလိုက်တိုင်း နှလုံးခုန်သံကို တကယ် မခံစားရဘူး။ သူ့မှာ နွေးထွေးတဲ့နှလုံးသား ပျောက်ဆုံးနေသလိုပဲ......

ချင်ရှီထျန်ရဲ့ ချစ်စိတ်မွှန်နေတဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး သူ နားမလည်နိုင်ပေမယ့် ဒါက ချင်ရှီထျန်ကို ကျေနပ်အောင်လုပ်ဖို့ သူ့ရဲ့မစ်ရှင်ကို ရပ်တန့်အောင် မတားဆီးနိုင်ခဲ့ပါဘူး။

ဘယ်သူ့မှ သူ့ကို မချဉ်းကပ်ရဲတာကြောင့်လား ဒါမှမဟုတ် မိုဟိုက်ကောရဲ့နှိပ်စက်မှုကို အကြာကြီး ခံခဲ့ရတာကြောင့် သူ့နှလုံးသားက နွမ်းကြေသွားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူရဲ့ဖြူစင်တဲ့မျက်လုံးတွေက အရမ်းဆွဲဆောင်မှုရှိတာကြောင့် ဖြစ်နိုင်တယ်။ သူတော်ကောင်းဂိုဏ်းက လူတွေသာမက ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားခေါင်းပါးတဲ့ နတ်‌ဆိုးဘုရင်ကြီး ချင်ရှီထျန်တောင်မှ သူ့အကြည့်ကို တောင့်မခံနိုင်ဘူး။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Wo Geschichten leben. Entdecke jetzt