chapter~> 1 (arc 1)

2.2K 196 4
                                    

Unicode

Arc 1 ~> အမြောက်စာလေး ပြန်လည်မွေးဖွားခြင်း

အပျင်းရောဂါစွဲကပ်နေသော စာရေးဆရာတစ်ဦးကြောင့် အချိန်ကုန်သက်သာစေရန်အတွက် ဇာတ်လမ်းကို အမြန်စတင်ရန် ဇာတ်ညွှန်းကို ကျော်ခွလိုက်သည်။ ဒီလိုနဲ့ ကုပိုင် နိုးလာတဲ့အခါ သူ သေနေပြီ။


**************

ကြယ်များမှလွဲ၍ အခြားဘာမှမရှိသော မှောင်မိုက်နေသည့် ကြယ်ရောင်ကောင်းကင်ကြီးက ဝန်းရံထားရာ အေးစက်စက်နိုင်မှုနှင့် အထီးကျန်ဆန်မှုက သူ့နှလုံးသားအောက်ခြေမှ မြင့်တက်လာတာကို မတားနိုင်ခဲ့ပေ။

ကုပိုင်၏ဝိညာဉ်ဟာ လေထဲမှာ လွင့်မျောနေတာ ကြာပါပြီ။ သူ ဘာဖြစ်သွားမှန်း မသိပေမယ့် သူ သေသွားပြီဆိုတာ သေချာတယ်။


ပတ်ဝန်းကျင်က တကယ့်အစစ်အမှန်လို့ ခံစားရပြီး သူ့ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နိုင်တဲ့အတွက် ဒါက အိမ်မက်တစ်ခုလို့တွေးပြီး သူ့ကိုယ်သူ လှည့်စားလို့မရတော့ဘူး။ သူ့ကံတရားက အမြဲမကောင်းခဲ့ပါဘူး။ လေယာဉ် မတော်တဆပေါက်ကွဲမှု​မှ သူ အသက်ရှင်နိုင်မယ်လို့ သူ လုံးဝမထင်ဘူး။

"မင်း အသက်ရှင်ချင်လား"

အေးစက်ပြီး အတက်အကျမရှိသည့် စက်သံကဲ့သို့ လူသားများ၏စိတ်ခံစားမှု ကင်းမဲ့နေသော အသံတစ်သံက ရုတ်တရက် ကြယ်တွေဆီမှထွက်ပေါ်လာသည်။

ကုပိုင်က ငေးကြောင်ကြောင်ဖြစ်နေပြီး ဘာမှမတုံ့ပြန်ခဲ့ပေ။ လက်ရှိအနေအထားက ဘာလဲဆိုတာ သူ တကယ်မသိဘူး။ ဒီနေရာက ကောင်းကင်ဘုံ ဒါမှမဟုတ် ငရဲနဲ့ မတူဘူး။ ဒီနေရာက ဘာကြီးလဲ?

သံသယများနှင့် ကုပိုင်သည် ထိုအသံ၏အရင်းအမြစ်ကို ရှာလိုသဖြင့် ဘေးပတ်ပတ်လည်ကို မနေနိုင်ဘဲ လိုက်ကြည့်မိသည်။

" ခင်ဗျားက ဘယ်သူလဲ? "

ထိုအသံသည် ခေတ္တရပ်သွားပြီး ဆက်ပြောလာသည်။

" ငါက အရေးမကြီးပါဘူး၊ အရေးကြီးတာက မင်း ပျောက်ကွယ်သွားတော့မယ်ဆိုတာပဲ၊ ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးနိုင်တယ်... "

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now