chapter~>17

950 167 5
                                    


ချင်ရှီထျန်က မိုဟိုက်ကောကို အလွန်ချစ်မြတ်နိုးပေမယ့် မိုဟိုက်ကောကတော့ သူ့ကို မကြိုက်ဘူး။

သူက ချင်ရှီထျန်ကိုတောင် မုန်းတီးနေခဲ့သည်။ ချင်ရှီထျန် ဘာပဲလုပ်လုပ် သူ့အမူအရာက အေးစက်လွန်းသည်။ သူသည် ချင်ရှီထျန်ကို သူ၏ဆရာအဖြစ်သာ ဆက်ဆံပြီး အခြားခံစားချက်မရှိပေ။ သူ တကယ် နှစ်သက်သောလူမှာ ကျွင်ရန်ဟန် ဟုခေါ်‌သောလူ ဖြစ်သည်။

အ‌တွေ့အကြုံရဖို့ မိုဟိုက်ကော မိုကွေ့က ထွက်သွားတုန်းက နှစ်ယောက်သား တွေ့ဆုံခဲ့တာ ဖြစ်သည်။ ကျွင်ရန်ဟန်သည် တောင်ပိုင်း နန်ယွမ်အင်ပါယာ၏ ဗိုလ်ချုပ်ကျွင်၏ တစ်ဦးတည်းသော မြေး ဖြစ်သည်။

အပေါ်ယံတွင် သူသည် ပျင်းရိပြီး ဦးနှောက်မရှိတဲ့ လူပေါ်ကျော့တစ်ယောက် ဖြစ်သည်။ အမှန်တကယ်မှာ သူသည် လိမ္မာပါးနပ်ပြီး ကျားသားစားရန် ဝက်ယောင်ဆောင်နေခြင်းပင်။

သူတို့နှစ်ယောက် တွေ့ဆုံပြီးနောက်မှာ သူတို့ရဲ့ ဆက်ဆံရေးဟာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။ လဝက်မပြည့်ခင်မှာပဲ သူတို့က နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်သွားကြသည်။ မိုဟိုက်ကောက ကျွင်ရန်ဟန်အတွက် မိုကွေ့ကို သစ္စာဖောက်ရန် ဆုံးဖြတ်ခဲ့ပြီး သူ၏ဘဝသက်တမ်းကို သူ့ချစ်သူနှင့်အတူ ကုန်ဆုံးရန် ပြင်ဆင်ခဲ့သည်။

သို့သော်လည်း မိုကွေ့ဂိုဏ်းခေါင်းဆောင်၏တပည့်တစ်ဦးဖြစ်သလို မို‌ကွေ့တွင် အရေးပါသော ရာထူးတစ်ခုကို ယူထား‌သောကြောင့် သူ ဆန္ဒရှိသလို ဘယ်လိုလုပ် ဒီအတိုင်း ထွက်သွားနိုင်မှာလဲ။

ထို့အပြင် ချင်ရှီထျန်သည် သူ့ကို ဘဝလက်တွဲဖော်အဖြစ် အနှစ်၂၀ကျော်ကြာအောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ နောက်ဆုံးမှာ သူက အခြားတစ်ယောက်နှင့် ထွက်ပြေးသွားခဲ့သည်။ ချင်ရှီထျန်က ဒီလိုစော်ကားမှုကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။


ချင်ရှီထျန်က သွေးဆာပြီး ရက်စက်ပေမယ့် မိုဟိုက်ကောကို သတ်ဖို့ သူ့ကိုယ်သူ တွန်းအားမပေးနိုင်ခဲ့ဘူး။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now