ချင်ရှီထျန် ဆေးကြော၍ အဝတ်အစားလဲပြီး‌တဲ့နောက် မိုဟိုက်ကောလည်း ရောက်လာခဲ့သည်။

သူ၏အသွင်အပြင်သည် လှပပြီး သူ့အသားအရည်က ဖြူဖွေးနေ၏။ သူသည် လက်ရာမြောက်‌သော အပွင့်အခက်များ စီခြယ်ထားသည့် အဖြူရောင်ဖဲအင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် သာမာန်ယောက်ျားများကဲ့သို့  မကြမ်းတမ်းဘဲ မိန်းကလေးများထက်ပင် ပို၍လှပသည်။ ဤရိုးရှင်းသော ဝတ်စုံသည် သူ၏ပြိုင်ဘက်ကင်းသောအလှကို ပေါ်လွင်စေသည်။

သူ့ကို မြင်လိုက်သည်နှင့် ချင်ရှီထျန်၏မျက်နှာပေါ်ရှိ အေးစက်စက် အကြည့်များက ပျောက်ကွယ်သွားပြီး သူ့မျက်ခုံးကြားတွင် အပြုံးရိပ်တစ်ခုထင်ဟပ်လာသည်။ သူက သူ့ဘေးရှိလူ‌‌တွေကို ပြောလိုက်သည်။

" မနက်စာစားဖို့ ပြင်လိုက်တော့..."

ထိုသို့ပြောရင်း သူသည် မိုဟိုက်ကော၏လက်ကိုဆုပ်ကိုင်ကာ အနည်းငယ် ရုန်းနေတဲ့လူကို စားပွဲတွင် သူနှင့်အတူထိုင်ရန် ‌ဆွဲခေါ်လာခဲ့သည်။
ဤသည်မှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ့အကျင့်တစ်ခု ဖြစ်နေခဲ့ပြီ။ ထမင်းစားတိုင်း မိုဟိုက်ကောက သူနှင့်အတူ စားရသည်။


သူ အရွယ်ရောက်လာသည်နှင့်အမျှ အစတည်းက ချင်ရှီထျန်အပေါ် အေးစက်ပြီး ခပ်တန်းတန်းနေခဲ့သော မိုဟိုက်ကောသည် ချင်ရှီထျန်ကို ပို၍ပင် စိမ်းကားလာခဲ့သည်။ အထူးသဖြင့် ချင်ရှီထျန်၏အတွေးများကို သိပြီးနောက်တွင် သူ အလွန်ထိတ်လန့်သွားသည်။


စားပွဲသို့ရောက်သည်နှင့် သူသည် ချင်ရှီထျန်၏ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန်  ထပ်မံရုန်းကန်လိုက်သည်။


ချင်ရှီထျန်သည် သူ၏လျစ်လျုရှုမှုနှင့် စိမ်းကားမှုများကို ကျင့်သားရနေပြီဖြစ်သော်လည်း သူ အငြင်းခံရတိုင်း ဒေါသအနည်းငယ် မထွက်ဘဲမနေနိုင်ချေ။ သို့သော် သူ သူ့ကို အပြစ်မတင်နိုင်ပေ။ အဲဒီအစား သူ့အတွက် ပဲပေါင်းကိတ်မုန့် တစ်ဖဲ့ကို စိတ်ရှည်လက်ရှည်နှင့် ကောက်ကိုင်လိုက်ပြီး သူ့ပါးစပ်နား ခွံ့ပေးလိုက်သည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now