>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂုဏ် ဒီနေ့မနက် ၅နာရီထပြီး အပြင်သွားဖို့ ပြင်ဆင်နေသည်
ကုမ္ပဏီမသွားဘဲ သူသွားရမယ့်နေရာရှိသည့်အတွက် အလုပ်များကို မနေ့ကတည်းကလက်စသတ်ထားပြီးဖြစ်သည်
ဒီနေ့ သူအရမ်းပျော်နေသည်....တစ်လနီးပါးခွဲထားရသည့် သက်လျာကို လေဆိပ်မှာ သွားကြိုရမည်ဖြစ်သည်
ချစ်ရသူကို ကိုယ်တိုင် လေဆိပ်မှာ သွားကြိုချင်သည့်အတွက် မနေ့ညနေကတည်းက ပြင်ဦးလွင်ရှိ သူ့အဘိုးအဘွားတွေပေးထားခဲ့သည့် အိမ်သို့ ရောက်နေခဲ့တာဖြစ်သည်

လေယာဥ်ဆိုက်ပြီဆိုပေမယ့် အခုထိညကိုသူမတွေ့ရသေးပါ....
လူတွေအများကြီး ထွက်ပေါ်လာပြီးနောက်မှာ တွေ့လိုက်ရပါပြီ....အဝါရောင်Crop topလေးကို ဂျင်းစကပ်အတိုလေးနဲ့တွဲဖတ်ဝတ်ဆင်ထားပြီး...အဖြူရောင် Sneakerကို ဝတ်ဆင်ထားသည့် သူ့ရဲ့သက်လျာဟာ သူ့အတွက် သီးသန့်ဖြစ်တည်လာသည့် အလှတရားလေးပါပဲ
လမ်းလျှောက်လိုက်တိုင်းမှာ မြင်နေရသည့် ပေါင်တံသွယ်သွယ်လေးတွေက အခါခါပြန်လှည့်ကြည့်မိသည့်အထိ လှနိုင်လွန်းသည်
ခါးစပ်နားအထိ ရှည်နေတဲ့ဆံနွယ်တို့ဟာ လမ်းလျှောက်တိုင်း လေထဲမှာ လွင့်နေသည်...

သူ့ရဲ့အလှတရားလေးဟာ သူ့မျက်စိရှေ့မှာရောက်နေသည်ကို သတိမထားမိနိုင်သေးပဲ အလှကွန်ရက်မှာတင် ယစ်မူးနေသည်

"မောင့်....မောင်ရေ....မောင့်...."

မောင်ဘာဖြစ်သွားတာလဲ...ခွင်းကိုတွေ့တော့ ပျော်သွားတဲ့လူက အခုသူ့ရှေ့မှာရောက်နေတာကို သတိမထားနိုင်တဲ့အထိ ဘာတွေတွေးနေတာလဲ.....
ခွင်း မောင့်မျက်နှာရှေ့မှာ လက်တကာကာနဲ့မောင့်အာရုံပြန်ဝင်လာအောင်လုပ်နေပေမယ့် မောင်ကအခုထိကျောက်ရုပ်တစ်ရုပ်လိုပဲ...
မောင့်နား...နားကပ်ပြီး...
"မောင်ရေ...ညရောက်နေပြီလေ..."

"ဟင် ည....

မောင်ဘာတွေတွေးနေတာလဲ....

အဟီး ညရဲ့အလှမှာ ယစ်မူးသွားတာ
ငေးရင်းငေးရင်း သတိလွတ်သွားတာ...

ဖြစ်ရမယ် မောင်ရယ်...အဟင်း
ညရဲ့အမျိုးသားလေးက ဒီနေ့အရမ်းကြည့်ကောင်းနေတယ်....လူငယ်ဆန်ဆန်လေးဝတ်လာတာပဲ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now