2.14

56 4 0
                                    


Zawgyi ............

liam နှင့် Cedric အပြင်ဘက်ကိုထွက်လာပြီးလူသွားလမ်းလေးတစ်လျှောက် ၊လျှောက်နေလိုက်ကြသည်။ ဒါမဲ့ တစ်ချက်တစ်ချက်သူ့ကိုခိုးခိုးကြည့်နေတဲ့ Cedric ကြောင့် liam မနေနိုင်တော့ပဲ Cedric ဘက်လှည့်ကာ

" ဒါဆို ခနနားဖို့နေရာရှာကြမလား? မင်းပင်ပန်းနေမှာပေါ့ "
သူ့အမေးစကားကိုသဘောတူသလိုခေါင်းလေးငြိမ့်ပြတော့ နားဖို့နေရာရှာလိုက်၍ ဇာတ်လိုက် shou လေးရဲ့လက်ကိုကိုင်ကာခုံးတန်းတစ်ခုပေါ်မှာထိုင်ခိုင်းလိုက်ပြီးသူပါဝင်ထိုင်လိုက်သည်။တစ်ခနလောက်နှစ်ယောက်သားဘာစကားမှမပြောကြပဲတိတ်ဆိတ်နေကြပြီးမှ liam ဟာသူမေ့နေသည့်ကိစ္စတစ်ခုကိုသတိရသွားပေတယ်။

" အာ. ဒီအတောအတွင်း ကိုယ့်ဘာသာတောင်သေချာမမိတ်ဆက်ရသေးဘူး ကိုယ့်နာမည်က liam Soinya နယ်မြေ 8 ရဲ့ ခေါင်းဆောင် ၊ တပ်ဖွဲ့ဗိုလ်ချုပ်တစ်ဉီးပါ ဒါ့ကြောင့်မင်းကိုယ့် ကိုကြောက်နေဖို့မလိုဘူး "

" ခ. ခင်ဗျားကကောင်းတဲ့လူတစ်ယောက်ဆိုတာ .ကျွန်တော်အစထဲကသိပါတယ်ကျွန်တော် က Cedric လို့ခေါ်ပါတယ် "

" အွန်း Ced "
liam လည်း သိပြီးသားဖြစ်တဲ့အကောင်ပေါက်လေးနာမည်ကိုမသိချင်ယောင်ဆောင်ကာ ခေါင်းကိုပုတ်ပေးလိုက်ပြီး နာမည်ပြောင်ခေါ်လိုက်တော့ အံသြ သလိုဖြင့်တစ်ချက်ခေါင်းမော့ကြည့်လာပြီး ဟလာတဲ့ပါးစပ်ရဲ့နောက်မှာတော့ဘာစကားမှမထွက်လာပဲ ခေါင်းပြန်ငုတ်သွားပေသည်။

( ငါထင်သားး ဟမ်~~ )
liam ကျေနပ်သလိုသူ့၏စိတ်တွင်း၌ တစ်ချက်မဲ့ပြုံးလိုက်ပြီး

( ဒါဆိုရင်တော့ကိစ္စတေကိုထင်ထားတာထပ် မြန်မြန်ဖြတ်ပြီးထွက်သွားလို့ရလောက်တယ်)
သူ၏အတွေးကိုကြားနေရတဲ့ ရှောင်ပေါင်ကတော့
( host ဘာဖြစ်လို့လဲ)

( အမ် ဘာမှမဟုတ်ဘူး ရှောင်ပေါင် ..နင်ငါနဲ့လောင်းကြေးထပ်မလား?)

( ဘာကိုလဲ host)

( hee ငါ 11 လအတွင်းအပြတ်ဖြတ်ပြမယ် ဘယ်လိုလဲ ? )

( ရပါတယ် တော်ပါပြီ host)

( အယ်~~ နင်ကလည်းနည်းနည်းပျော်ပေးမယ်မရှိဘူး )

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now