1.22

62 6 0
                                    

Zawgyi ~~

" ကျွန်မကို လိုက်စောင့်ကြည့်နေတာလား Demon lord Ray Carson "

Dalia ဟာသူမရဲ့ ဓားရှည်ကိုထုတ်လိုက်ပြီး Ray ရဲ့လည်ပင်းကိုတည့်တည့်ချိန်လိုက်တယ် သူမဟာ နဂိုပုံစံနဲ့ကွာခြားစွာ ယခုပုံစံဟာ ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ် ။Ray ဟာ Dalia ရဲ့စကားကိုကြားတော့ သူ့မျက်လုံးတေဟာ လန့်သွားပုံပေါ်တယ် သူဟာ Dalia ကိုစိုက်ကြည့်နေပြီး သူမရဲ့ ဓားရှည်အဲ့ကနေသူမရဲ့ မျက်နှာ ထိုကနေတစ်ဆင့် သူမရဲ့ နှုတ်ခမ်းတေဆီကိုအကြည့်ရောက်သွားတယ် နောက်တော့သူဟာ ပြုံးလိုက်ပြီး

" ဒါဆို သခင်မလေး က ကိုယ့်ပုံစံအမှန်ကိုနဂိုထဲကသိနေခဲ့တာလား "
ဆိုပြီး Dalia ကို ပြောလိုက်တယ် သူအဲ့လိုပြောလိုက်တာနဲ့ Dalia ရဲ့မျက်နှာဟာ ပိုလို့တောင်မျက်မှောင်ကြုပ် သွားပြီး

" ဒါဆိုတကယ်ပေါ့ ရှင်က ဘာကြောင့် ကျွန်မတို့နားကပ်နေရတာလည်း ရှင်ဘာလိုချင်လို့လည်း "
Dalia ဟာကျယ်လောင်စွာအော်လိုက်ပြီး သူမရဲ့ ဓားကြောင့် Ray ရဲ့လည်ပင်းမှာ အနီရောင်သွေးတေဟာ တစ်စတစ်စကျလာခဲ့တယ် ဒါပင်မယ့် Ray ကတော့နာကျင်မှုကိုမခံစားရပဲ Daliaကိုသာပြုံးမြဲပြုံးပြစမြဲ ပေါ့ သူဟာ Dalia ရဲ့နောက်ဆုံးစကားကိုကြားတာနဲ့ သူ့ရဲ့ အပြုံးဟာတောင့်တင်းသွားပြီး

" မင်းက ဘာကြောင့်လဲလို့ကိုယ့်ကို မေးတာလား "

" ရှင်တို့ Demon တေဘာပဲလိုချင်ချင်ဘယ်တော့မှမရစေရဘူး "

" အော်... ဒါဆို ကိုယ် လိုချင်တာကဘာလည်းရောသိလို့လား "

" ကျွန်မ မသိဘူးသိလည်းမသိချင်ဘူး ကျွန်မ သိတာကတစ်ခုတည်းပဲ ရှင့်ကိုသတ်ပစ်မယ် "
Dalia ဟာထိုသို့ပြောပြီး သူမရဲ့ ဓားရှည်ဟာ Ray ရဲ့ ဆီကိုအရှိန်နဲ့ လွဲယမ်းလိုက်တယ် သူမရဲ့ဓားကြောင့် ဘေးပတ်ဝန်းကျင်က လေမုန်တိုင်းထန်သွားသလို လေပွေကြီးပေါ်လာခဲ့တယ်။ Ray ဟာ ထိုအချင်းအရာကိုမြင်ပြီး သူ့ရဲ့ အပြုံးတေကပိုတောက်ပလာခဲ့တယ်။

" ကိုယ်ထင်သားပဲ မင်းက ထူးခြားတဲ့လူဆိုတာကို "

ဆိုပြီး Dalia ရဲ့ ဓားချက်ကိုကာလိုက်တယ် ။

I hate Gong( It's not truth) but Gong is love me? really?( IHG)Where stories live. Discover now