2.10

51 6 2
                                    

Zawgyi ~~
liam ဟာ Cedric ကိုအုပ်မိုးထားသည့်လူကိုမြင်တော့ ဇာတ်လိုက်လားလို့ထင်ပြီးထိတ်လန့်သွားပင်မဲ့ ထိုလူ့ပုံစံအရ gong မဖြစ်နိုင်ပေ ဒါကြောင့်သူဟာအချိန်ဆွဲမနေတော့ပဲ ထိုနေရာဆီကိုအမြန်ပြေးလာကာ Cedric ကိုအုပ်မိုးထားသည့်သူရဲ့နောက်ကျောကိုဆောင့်ကန်လိုက်ပေသည်။ သူ့ရဲ့အားကြောင့်ထိုလူဟာ နံရံနားကိုပြုတ်ကျသွားကာ
" ရာရာစစ ဘယ်ကောင်က ငါ့ကိုလာကန်တာလည်း " ဆိုပြီး ဒေါသတကြီးအော်ဆဲပေ၏ ။ သူ့ရဲ့အော်သံကြောင့် liam ဟာအချိန်ဆွဲမနေတော့ပဲ သတိမေ့အောင် မြန်မြန်ရိုက်နှက်ပစ်လိုက်လေတယ်သူ့အသံကြောင့် လူတေသတိထားမိသွားရင် ဒုက္ခရောက်နိုင်သောကြောင့်ပင် ။
liam ဟာ ထိုလူကိုရှင်းပြီးသည်နှင့် shou လေးဆီကိုလှည့်ကာကြည့်လိုက်တော့ ဘာခံစားချက်မှမထားတဲ့ထိုကောင်လေးရဲ့မျက်နှာမှာအခုတော့အံသြခြင်းတေဖြင့် နောက်တော့ ဖွင့်ဟလာတဲ့ပါးစပ်တစ်စုံ မှတိုးလျှလှတဲ့အသံတစ်ခုထွက်ပေါ်လာတယ် ။

" ဘာ့ကြောင့် "

liam ဟာ Cedric ဆီကိုလျှောက်လာတော့ ထိုကောင်လေးဟာတုန်တက်သွားပြီး သူ့ရဲ့ကိုယ်လေးဟာအနည်းငယ်ကွေးလာပေတယ် ။ ထိုအရာကို liam ဟာစိတ်ထဲမထားပဲ အနားမှာရှိတဲ့ အဖြူရောင်စောင်ခင်းကိုယူကာ လွန်းခြုံပေးလိုက်ပြီး ခုနကလူလုပ်ထားတဲ့ ပြဲနေတဲ့အကျီမှာပေါ်နေတာတေကိုဖုံးလိုက်ပေသည်။
Cedric ရဲ့မျက်လုံးတေကိုသူကြည့်လိုက်ပေတော့ အံသြခြင်း ၊ မယုံသင်္ကာဖြစ်ခြင်း ၊ကြောက်လန့်ခြင်းတေကိုတွေ့လိုက်ရပေ၏ ။ ဒါ့ကြောင့် liam ဟာ ပြုံးလိုက်ပြီး

" မကြောက်ပါနဲ့ ကိုယ်မင်းကိုဒီနေရာကကယ်ထုတ်ပေးမယ် "

သူထိုသို့ပြောပြီးတာနှင့် သူ့ရဲ့နားကပ်ကိုဆက်သွယ်ကြည့်လိုက်ပြီး မိတချက်မမိတချက်ဖြစ်နေတဲ့လိုင်းမှ

" စတော့ "
လို့အမိန့်ပေးလိုက်လေသည် ။
ထိုအဆောက်အအုံထဲမှာ 7 ထပ်မြောက်ထိသာ လူတေကိုဖမ်းချုပ်ထားတဲ့နေရာဖြစ်ပြီးကျန်သည့်အထပ်များဟာတော့ သူဌေးတေရဲ့အပန်းဖြေသည့်နေရာတေသာရှိတာဖြစ်တယ် ။ liam ဟာ shou လေးကိုရှာနေတဲ့အတွင်းမှာပဲ လမ်းမှာရှိတဲ့ဖမ်းခံထားရတဲ့လူမှန်သမျှကယ်ခဲ့တဲ့အပြင် အစောင့်တစ်ချို့ကိုပါထိုးနှက်ခဲ့ပြီး ဖွဲ့စည်းပုံကိုပါသတင်းပို့နေခဲ့တာဖြစ်သည် ။ ဒါ့ကြောင့် သူ့အမိန့်ပေးသည်နှင့် ဖမ်းစီးခြင်းလုပ်ငန်းစဉ်ကိုစတင်ပေ၏ ။

I hate Gong( It's not truth) but Gong is love me? really?( IHG)Kde žijí příběhy. Začni objevovat