1.18

69 5 0
                                    

Zawgyi ~~
Dalia ဟာ Fox တို့ဆီကပြန်လာတာနဲ့ သူမဟာ တန်းပြီးတော့သာ အိပ်လိုက်ပါတော့တယ် သူမဟာ ညနေခင်းထဲက အိပ်လိုက်တာ ည ၉နာရီ မှ နိုးလာခဲ့တယ် သူမဗိုက်ဆာလွန်းတာကြောင့် အခန်းထဲက လူခေါ် ဘဲလ် ကိုနိပ်လိုက်ပြီး Emma ကိုခေါ်လိုက်တယ် ။သူမခေါ်တာနဲ့ Emma က ရောက်လာပြီး ပွစီထိုးနေအောင်စကားပြောနေတာပေါ့ Dalia ဟာ ဗိုက်ဆာလွန်းနေတာကြောင့် သူမကို သနားစရာကောင်းအောင် ပြောလိုက်မှ emma တိတ်သွားတော့တယ်။

" Emma ငါ ညနေထဲကဘာမှမစားရသေးလို့ ဗိုက်ဆာနေပြီ စားဖို့တစ်ခုခု ပြင်ပေးလို့ရမလား "

" သခင်မလေး က အိမ်ရှေ့စံမင်းသား ရဲ့ ပွဲပြီး ထဲကထူးဆန်းလာသလိုပဲ အစားလည်း ပုံမှန်မစားဘူး နောက်ကျမှလည်း ထသေးဆိုတော့ တစ်ခုခု ဖြစ်နေလို့လားရှင့် "

" အယ် ငါ နည်းနည်း စဉ်းစားစရာလေး တေရှိနေလို့ပါ မစိုးရိမ်ပါနဲ့ Emma နောက်ကျကောင်းသွားပါလိမ့်မယ် "

" ဒါဆိုလည်း နားလည်ပါပြီ သခင်မလေး စားစရာ တစ်ခုခုပြင်ပေးဖို့ စားဖိုဆောင်ကို သွားပြောလိုက်ပါ့မယ် "

" အင်း အလုပ်ရှုပ်စေမိပြီ "
Emma တံခါးပိတ်သွားတာနဲ့ system ရဲ့အသံပြဲ ကြီးဟာ လာဆူတော့တယ် ။

" အခုတော့တွေ့ပြီမလား host OOC မဖြစ်ပါနဲ့လို့ ဒီလောက်ပြောနေတာကို "
( OOC = out of character )

" ငါလည်း သတိမထားမိလို့ပါဟ "

" အခုကတော့ အဆင်ပြေသွားပြီဆိုပင်မယ့် နောက်ကျ ဇာတ်ကြောင်းထဲကပုံစံအတိုင်းလိုက်မလုပ်မိရင် ပြသာနာတက်မှာနော် host "

" အေးပါ အေးပါ ငါသိပါတယ် နောက်ခါကျရင် အဲ့လိုမနေတော့ဘူး ကတိပေးတယ် နည်းနည်းလောက်တော့ ပျော်ချင်လို့ဟာကို "

" ပျော်ချင်တာက ကိစ္စမရှိပင်မယ့် နောက်လာမယ့် ဇာတ်ကွက်ကြရင် host ပုံစံအတိုင်းနေလို့မရတော့ပါဘူး host မှတ်ထားဖို့လိုတာက host ရဲ့ မစ်ရှင်က ဇာတ်ကြောင်းကို ပြောင်းဖို့ဆိုပင်မယ့် OOC ဖြစ်လို့တော့မရဘူးဆိုတာကိုနော် "

" အင်းပါ ငါနားလည်ပါတယ် နင်စိတ်ပူဖို့မလိုတော့ပါဘူး "

" အဲ့တာ ဆိုလည်းပြီးရော host "

I hate Gong( It's not truth) but Gong is love me? really?( IHG)Dove le storie prendono vita. Scoprilo ora