တွေ့လား ညကျတော့ ကိုယ့်ကို ဂုဏ်စုတ်တဲ့...မောင်လို့မခေါ်တော့ဘူး...စိမ်းကားနေတာ

တစ်ခါလေးပြောမိတာကို မျက်ရည်ကဝဲပြီ...မောင်နဲ့ညက နေရာချင်းမှားနေတာ...အမှန်က မောင်ကမိန်းကလေးဖြစ်ပြီး ညကယောကျ်ားလေးဖြစ်ရမှာ

ဟယ် သားနေကမျက်ရည်ဝဲနေတာ...ဘာဖြစ်လို့လဲ သမီး

သမီးစလိုက်တာကို....အဲ့လိုဖြစ်သွားတာပဲ

သြော်ဒီကလေးတွေကတော့...မကြီးမငယ်နဲ့ငိုအောင်စကြရလား...
သားနေ မင်း၉နာရီစထွက်မှာဆို...၉နာရီထိုးနေပြီ နောက်ကျရင်မကောင်းဘူး

ဟုတ် သားအခုပဲသွားတော့မှာတီခိုင်....

အေးအေး လမ်းမှာ ဂရုစိုက်သွားဦး

ဟုတ်ကဲ့

ကိုယ်သွားပြီနော် ည

အင်း "

<><><><><><><><><><><><><><>>>><<<<<<>>

မောင်ရန်ကုန်ပြန်သွားပြီဆိုတာနဲ့....ညလည်းလက်စသတ်စရာရှိသည့်အလုပ်များအား အပြီးသတ်ရသည်
ဆွီဒင်မှာက စာချုပ်ချုပ်ဆိုထားတဲ့ကိစ္စတွေရှိသေးတော့ သင်ကြန်ပြီးရင် သူမဆွီဒင်ကိုပြန်ရမည်......

"ဟဲလိုမောင်

ကိုယ်ရန်ကုန်ပြန်ရောက်ပြီနော်....ညစိတ်မပူတော့နဲ့...

အင်း မောင်ခရီးထွက်ရမှာကမနက်ဖြန်မလား.....

ဟုတ်တယ် ည....

အဝတ်အစားတွေရောထည့်ပြီးပြီလား....ယူသွားရမယ့်ပစ္စည်းတွေအချက်အလက်တွေအားလုံးစစ်ဦးနော်...

အင်း ကိုယ်အခုပဲစစ်နေတာ...ကိုယ်တစ်ပတ်လောက်တော့ကြာမယ်...သင်ကြန်အမီပြန်ရောက်မယ်လို့ထင်တယ်....

မောင့်ကိုလွမ်းနေတော့မှာပဲ....

ကိုယ်ကပိုလွမ်းတယ်....မင်းနှုတ်ခမ်းလေးတွေကို...

မောင့်....

အဟက်

မောင်ကလေ ပြောနေရင်းကိုထထဖောက်တာနော်...တစ်ကယ်မနိုင်ဘူး

ဟားဟား

ခရီးက ဝသုန်ရောပါမှာမလား

အင်း ဝသုန်လည်းပါမှာ...ဒီကောင့်ကိုခေါ်သွားမှဖြစ်မှာ....

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Tempat cerita menjadi hidup. Temukan sekarang