"လှလှလေးနော်"

"အင်း"

"သေချာလေးနော်ဟေ့ကောင်"

"အင်း"

"ဒါဆိုလည်းစိတ်ချမယ်။ကလေးအလှည့်ကျရင် ရေခဲတောင်ကြီးချထားသလို တောင့်တောင့်ကြီးထိုင်နေမှာဆိုးလို့ သတိပေးတာ"

"အင်း"

"ဒီအင်းနဲ့ပဲ ​ေ-သမှာမင်း"

ခပ်ကြိတ်ကြိတ်ဆဲဆိုသံကဖုန်းထဲကနေ
ပီပီသသကြီးထွက်လာတာတောင် ထင်လင်းသိုက်ပြုံးမိသေး၏။ ဒီပွဲကိုလိုက်ချင်သူက
မင်းသန့်ဖြစ်ပေမဲ့ ညနေကမှ ဆော့ဝဲရေးဖို့ အလုပ်လာအပ်တဲ့clientကြောင့်
လိုက်လာမရခြင်းသာ။

"ဒါဆို စိတ်ချမယ်နော်ငါ့ကောင်။နေရာမှာပြန်လာထိုင်ရင် ရေခွက်အဆင်သင့်ချထားပေးဖို့လည်း မေ့မနေနဲ့အုံး"

"ရေနွေးကိုအအေးခံပြီးချပေးထားရမယ်။towel၊နှုတ်ခမ်းနီ၊လက်ကိုင်ပန်ကာအသေး ယူထားရမယ်။ကိုယ်အားလုံးသိပါတယ်"

"မေ့မှာဆိုးလို့ပါကွာ"

"မီးငယ်နဲ့ပတ်သက်ပြီး ကိုယ်မေ့တာမျိုးကြုံဖူးလို့လား"

"အေးပါအဖေရယ်။အဖေကသာ အဖေ့သမီးလေးကို အချစ်တတ်ဆုံးမှန်းသိပါပြီအဖေရဲ့။
ဒါဖြင့်လည်းပြီးရော ... မိုးအခြေအနေလည်းသိပ်မကောင်းတော့ စောစောပြန်လာကျနော်။
ငါဖုန်းချပြီ"

"ခဏ"

"အေး ဘာဖြစ်လို့လဲ"

"နေကောင်းလား"

"ဟမ် ! "

"မင်းနဲ့နဂါး နှစ်ယောက်စလုံးနေကောင်းလား။တစ်ခုခုဖြစ်နေတာရှိလား"

"ငါတော့နေကောင်းတာမှ အလန်းကြီး။ဟိုကောင်တော့မသိဘူး အခန်းတံခါးပိတ်ပြီးထွက်မလာဘူး။ သိချင်မင်းဟာမင်းဖုန်းဆက်မေး"

"အင်း ရပြီ"

"ဘာတွေမေးမှန်းလဲမသိဘူး။ဒါပဲ..."

ဟိုဖက်ကစိတ်မြန်လက်မြန်နဲ့ဖုန်းချသွားသည့်တိုင် ထင်လင်းသိုက်ဖုန်းကိုကိုင်ထားဆဲဖြစ်သည်။

သို့ပေမဲ့ စင်ပေါ်က ဂရေစ့်ရဲ့မိတ်ဆက်သံကြောင့် သူ့အာရုံတွေက စင်ပေါ်ဆီသို့...

HUSBAND:DaddyWhere stories live. Discover now