အပိုင်း - ၈

Začít od začátku
                                    

ယခုလည်း အခွင့်ရသည်နှင့် လက်တစ်ဖက်ကိုပင်မြှောက်ကာ သူဆိုပြမည်ဟု ဝမ်းသာအားရ ဆိုလာလေတော့သည်။

စန်းစန်းဝေအား အသေအလဲလိုက်နေသည့် ဇင်မင်းထက်အကြောင်း အူမချေးခါးသိထားကြသည့် သူငယ်ချင်းများကမူ အသာပြုံးစိစိလုပ်ရင်း ဇင်မင်းထက်၏ စွန့်စားခန်းကြီးအား ပွဲကြည့်ရန်ပြင်လိုက်ကြတော့၏။

လူးကပ်စ်ကမူ တစ်ခါဖူးမျှမကြားဖူးသည့် ကဗျာလေးကိုသာ မျက်မှောင်လေးကုတ်ကာ အာရုံစိုက်နားထောင်နေမိလျှက်...

စန်းစန်းဝေက ခေါင်းညိတ်ပြလိုက်သည့်အခါ ဇင်မင်းထက်က ယုံကြည်ချက်ရှိရှိဖြင့် ခါးဆန့်၍ကိုယ်နေဟန်ထားပါပြင်လိုက်ပြီးမှ ချောင်းတစ်ချက်ဟန့်လိုက်ကာ ...

" ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ် နုမျစ်ငယ်ထန်းဦးရေ၊
မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ၊
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ခြောက်သောခါ၊
ပုတတ်ယုန်ခါ တောမှာရှိကြ၊
ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ၊
မနေထွက်လာကြသည်တည့်လေး။

ဝမ်း ဝမ်း... "

နှစ်ပိုဒ်တိတိဆက်ဆိုပြီးသည့်နောက် ကဗျာရွတ်နေသည့် ဇင်မင်းထက်အသံက ထစ်အကာ ရှေ့ဆက်တက်မလာတော့လေ...

ဇင်မင်းထက်၏ မျက်ခုံးနှစ်ခုမှာလည်း ထိစပ်မတတ်စုကျုံ့နေကာ ကဗျာအား အသည်းအသန် စဉ်းစားနေတော့၏။

အတော်လေး အကြပ်ရိုက်သွားကြောင်းသိသာစွာ ဇင်မင်းထက် နဖူး၌ချွေးစများပင်စို့တက်လာရသည်အထိပင်။

" ဟေ့ကောင် ဆက်ဆိုလေ ဘာလဲ ဝမ်းသွားချင်နေလို့လား "

" အေးလေ ဝမ်းမခိုင်ရင်လဲ ပြောနော် ကားပေါ်ထွက်ကျမှ အကုန်နံကုန်ပါ့မယ်ကွာ ဟားဟား "

စနောက်လာသည့် သက်နောင်နောင်နှင့် သန်းဇော်ကြောင့် ဇင်မင်းထက်မျက်နှာကြီးမှာ မီးသွေးခဲအလားမည်းမှောင်သွားလျှက်...

" ဟေ့ကောင်တွေ ငါတကယ်ရတယ်ကွ "

" ဒါဆိုလဲဆက်ဆိုလေ "

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Kde žijí příběhy. Začni objevovat