အပိုင်း - ၁၀

3.5K 181 1
                                    


"လူးကပ်စ် လူးကပ်စ် "

" အင် ဟင် ... "

ပါးလေးကို အသာပုတ်လာသည့်အထိအတွေ့ကြောင့် လူးကပ်စ် မဖွင့်ချင်ဖွင့်ချင်ဖြင့် မျက်လုံးဖွင့်လိုက်သည့်အခါ မှုန်ဝါးဝါးအလင်းရောင်အောက်၌ သူ့ကိုလာနှိုးနေသည့်ထက်နောင်ကို ဝိုးတဝါးမြင်လိုက်ရလေသည်။

" ထ ထ စိတ်ကြည်သွားအောင် မျက်နှာသစ်လိုက် အစ်ကိုတို့ နေထွက်တာထကြည့်ဖို့ ခရီးဆက်ရမယ်လေ "

ထိုအခါမှသာ လူးကပ်စ်တစ်ယောက် တောင်ပေါ်ရောက်နေကြောင်း လက်ရှိအခြေအနေကို ပြန်သတိပြုမိတော့၏။

သူ ဆိုသည်မှာလည်း မနေ့ညက tentထဲဝင်မိသည်နှင့် ဂွမ်းစောင်ထူထူတစ်ထည်ကိုခြုံကာ ကွေးလိုက်တော့သည်မှာ ထက်နောင်နှိုးမှပင် တစ်ရေးနိုးတော့သည်အထိပင်။

တစ်ညနေလုံး ပင်ပန်းနေသဖြင့် crushနှင့် tentတစ်လုံးတည်း အတူတူအိပ်နေရသည်ကိုပင် သတိကပ်ကာ ရင်ခုန်ကြည်နူးမနေနိုင်ခဲ့ပါလေ...

ယခုလည်း ထက်နောင်နှိုးမှသာ အိပ်မှုန်စုံမွှားဖြင့် ငုတ်တုတ်ထထိုင်မိသည့်အခါ ကိုယ်ပေါ်မှစောင်လေးက ခပ်လျောလျောပုံကျလာ၍ ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်မိသွားရသည်။

လူးကပ်စ်အကျင့်က ရာသီပူပူ၊ အေးအေး ညဦးယံ၌ စောင်တစ်ထည်ခြုံကာ အိပ်ကျင့်ရှိသော်လည်း နောက်ပိုင်း၌ကန်ကျောက်ပစ်တတ်ကာ မနက်ပိုင်းဆိုလျှင် စောင်ကပ်မနေပါလေတော့...

ထို့ကြောင့် ညဘက်၌တရေးနိုး၍ အပေါ့အပါးသွားသည့်အခါ သတိထားကာ စောင်ပြန်ခြုံရလေ့ရှိသည်။

ညကမူ လွန်စွာပင်ပန်းထား၍ စိတ်မောလူမောဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကာ တရေးမျှပင်မနိုးခဲ့၍ စောင်ပြန်မခြုံမိသည်မှာလည်း သေချာ၏။

ကြည့်ရသည်မှာ ရာသီဥတုကြောင့် ညက သူငြိမ်၍ကွေးနေခဲ့မိသည်ထင့်။

ငြိမ်အိပ်နေမိ၍သာ တော်သေးသည်။

မဟုတ်ပါက ဘောင်းဘီရှည်၊ အနွေးထည်ထူထူတို့ဖြင့် နွေးနွေးထွေးထွေး အိပ်စက်ခဲ့သော်လည်း စောင်သာကွာနေပါက ဤတောင်ပေါ်ရာသီဥနှင့် တွေးရဲစရာပင်မရှိပါလေ။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now