အပိုင်း - ၃၇

1.7K 128 16
                                    

" ဟာ ဟိုမှာ လူ လူတစ်ယောက်လဲကျနေတယ် "

" ဟာ အေးကွ လာလာ အမြန်ပြေး "

မလှမ်းမကမ်းရှိ သမံတလင်းပေါ် သွေးစများနှင့်လဲကျနေသူကြောင့် ဟိုတယ်ကို ကင်းပတ်နေကြသည့် လုံခြုံရေးနှစ်ယောက် မျက်လုံးပြူးသွားရသည်။

လဲကျပြီးသတိလစ်နေသူကို အပြေးအလွှားပွေ့ထူလိုက်သည့်အခါ ငြိမ်သက်စွာပါလာသည့်ကိုယ်လေးနှင့် နုနုနယ်နယ်မျက်နှာလေး။

" ဟေ့ကောင် ငါ ဒီမျက်နှာကို ရင်းနှီးနေသလိုပဲ "

" အေး ငါလဲ သူ့ကိုသိနေသလိုပဲ နေပါအုံး ဒါ ဒါ အစ်ကိုလေးမဟုတ်လား "

" ဟေ "

" ဟ သေချာကြည့်စမ်းပါဆိုနေ ဒါ ဒါ ငါတို့အစ်ကိုလေးကွ "

" အေး ဟုတ် ဟုတ်တယ်ကွ သေချာကြည့်မှ အစ်ကိုလေးနဲ့တူသလိုပဲ "

နှစ်‌ယောက်သား တစ်ယောက်ကိုတစ်‌‌ယောက်ကြည့်မိရင်း ပါးစပ်အဟောင်းသားဖြစ်သွားရ၏။

အချိန်ကိုက်ပင် သူတို့သတိထားမိသည်က မနီးမဝေးတွင်ပြုတ်ကျနေသောစောင်တစ်ထည်နှင့် အပေါ်ထပ်အခန်းမှတွဲလောင်းကျနေသော စောင်ကြိုးတန်း။

ယခုမှပင် နှစ်ဦးသား အခြေအနေကိုသတိထားမိသွားကာ ပြူးပြူးပျာပျာဖြစ်ကုန်ရတော့သည်။

မဖြစ်ဘဲ နေနိုင်ပါ့မည်လား။

မျက်စိရှေ့မှမြင်ကွင်းက နွေခေါင်ခေါင်မိုးကြိုးပစ်ကာ ငယ်ထပ်မြွေပေါက်သည်ထက်ဆိုးသောအခြေအနေ...

နှစ်ဦးသားလုံး ပြိုင်တူတွေးမိသည်က ယခုနေရာမှာတင် သူတို့သေပစ်ချင်သည်ဟူ၍သာ။

မနက်ကမှ ခေါင်းဆောင်က လုံခြုံရေးအစောင့်နှစ်ယောက်ကို အပေါ်ခေါ်သွားကာ သူတို့ကင်းပတ်အဖွဲ့ကိုလည်း လူအလဲအလှယ်ဖြင့် နာရီဝက်တစ်ကြိမ်လှည့်ရန်မှာထားခြင်း။

ယခုမွန်းလွဲ၌ပင် အစ်ကိုလေးက ဟိုတယ်အောက်တွင်ပြုတ်ကျနေပြန်သည်က အခြေအနေမကောင်း။

လုံခြုံရေးခေါင်းဆောင်ဆီ အလျင်အမြန်ဆက်သွယ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဥက္ကဋ္ဌမ ဒေါ်ထွေးရီမော်နှင့် ခေါင်းဆောင်ကပါ ရောက်ချလာသည်။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now