"အင်း"

"တကယ်ကလေ... ကိုယ့်ဖာသာမောင်းတတ်တယ်ထင်နေတာ။တော်သေးတယ် ေ-သသွားတော့မှာလားလို့"

ထိုစကားအဆုံး မျက်မှန်ကိုပင့်ကာကြည့်လာတဲ့ အန်ကယ်ကြောင့် အစွမ်းကုန်ပြုံးပြထားရသည်။ အဆင်ပြေလားအကဲခတ်တဲ့မျက်နှာထားမျိုးမို့ အခုချိန်သာအမှားလုပ်လိုက်ရင် ဆူခံရမှာသေချာတယ်လေ။

"မီးငယ်"

"ဟိုက်"

"အိမ်ပြန်ကျစို့"

"ဟိုက် ပြန်မယ်လေ။မမဇင်လည်းပါလာသေးတယ်"

"ကိုကောင်းလိုက်ပို့ပါစေ"

"ရေချယ်တာဝန်ယူခေါ်လာတာလေ"

"နောက်ထပ်ကားမောင်းပြီးလိုက်ပို့ချင်သေးသလား"

"အဟိ အဲ့လိုလည်းဟုတ်ပါဘူး။နောက်တစ်ခါဆို နှစ်ယောက်လုံးအသက်ပါသွားတော့မှာပေါ့"

"အင်း ဒါတော့သိသေးတာကို"

"အဲ့တာဆို ပြန်ကျမယ်နော်။လာ လာ ရေချယ့်ကိုလက်တွဲ"

"ဒူးတုန်ပြီး လမ်းမလျှောက်နိုင်တော့ဘူးလား"

"ဟုတ်ပါဘူးနော် အန်ကယ်မဆူလို့ လမ်းမလျှောက်နိုင်တော့တာ"

နှုတ်ခမ်းလေးဆူရင်းပြောလာတဲ့ မီးငယ်ကြောင့် ခေါင်းခါရင်းဖြင့်သာ။စိတ်မဆိုးနိုင်လောက်အောင် စိတ်ပူသွားရခြင်းတွေမှာ...သူမအဆင်ပြေတာပဲ အဆင်ပြေတာပဲဆိုတဲ့ စိတ်နဲ့ထိမ်းချုပ်နိုင်လို့ လွတ်ထွက်မသွားရခြင်းသာ။အထူးသဖြင့် သူ့ရဲ့ကလေးက အကြမ်းနည်းနဲ့ခြောက်လို့မှမရပဲ။အခုကိစ္စကလည်း သူ့အမှားသာ... သူသာကားမောင်းသင်ပေးခဲ့ရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး။

"မီးငယ် လာပါအုံး"

"ဟင် ! ပြန်မယ်ဆို"

"ခဏလေးဖက်ထားချင်လို့ပါ"

"ဟာ ! ဖက်ယုံပဲလား နမ်းလည်းနမ်းလေ"

မျက်နှာလေးထိုးပေးနေတဲ့ကလေးကို အသည်းယားစွာ ကြည့်ပြီး ပါးအိအိလေးကိုနမ်းသည်။ကိုယ်လုံး အိအိလေးကိုဖက်ထားရင်း တော်တော်ကြာမှ ပွေ့ချီကာ...

"လမ်းမလျှောက်နိုင်ဘူးထင်လို့"

"ဒါပေမဲ့ ကုမ္ပဏီမှာကြီးလေ"

HUSBAND:DaddyWhere stories live. Discover now