"ရပြီ။ မင်းသွားတော့ ကိုကောင်း"

"ဟုတ်ကဲ့"

အန်ကယ်ကောင်းထွက်သွားတာနဲ့ ရေချယ့်မျက်လုံးတွေမဖွင့်ရဲတော့ပါ။ဒီနေ့တော့ တကယ်နာပြီပဲ။

"မီးငယ်"

"ဟိုက်"

"ထိခိုက်မိတာရှိလား"

"ဟင့်အင်း"

"ဒါဆိုရပြီ"

"ဟင် ! မဆူတော့ဘူးလား"

အထင်နဲ့လက်တွေ့လွဲနေတာမို့ ရေချယ်ကြောင်သွားပေမဲ့ အန်ကယ်ကတော့ သူမကိုသာဖက်လာသည်။ ခေါင်းကိုပုတ်ပေးနေတဲ့ အန်ကယ့်ဆီကသက်ပြင်းချသံကြားရသည်မို့ မျက်နှာမော့ကာ...

"တောင်းပန်ပါတယ်အန်ကယ်"

"ထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ။ကိုယ်မသိခင် မီးငယ်သာတစ်ခုခုဖြစ်သွားရင် ရူးသွားတော့မှာပဲ"

"စိတ်ပူသွားတာလားဟင်"

"ဆိုးလိုက်တာမီးငယ်ရယ်။ဘယ်လိုစိတ်နဲ့များ"

"စိတ်မဆိုးပါနဲ့နော် ရေချယ်ဘာမှမဖြစ်ဘူးလေ"

"အင်း"

အင်းဆိုပေမဲ့ အန်ကယ်ကသက်ပြင်းချမပြတ်သလို ရေချယ့်ခေါင်းကိုပုတ်ပေးနေတာလည်း
မရပ်တော့တာမို့ အသံတိတ်ငြိမ်နေပေးလိုက်သည်။အန်ကယ့်ရင်ခွင်ထဲ ခေါင်းမှီလိုက်တာနဲ့ မြန်ဆန်လွန်းနေတဲ့ အန်ကယ့်နှလုံးခုန်သံကိုကြားလိုက်ရမှ နောင်တဆိုတာရတာပါလား။
ခရီးဝေးကပြေးလာရသလို အန်ကယ့်ရင်ဘတ်အစုံက နိမ့်ချည်မြင့်ချည်ဖြစ်နေလို့ ရေချယ့်ကို
မဆူနိုင်ခြင်းပါ။ စိတ်ဆိုးတာထပ် ပိုပြီးထိတ်လန့်နေပုံရတာမို့...

"အန်ကယ် ခဏလေးနော်"

ခွင့်တောင်းကာ ရေတစ်ခွက်ကိုခတ်ပြီးမှပြန်လာခဲ့၏။

"ရေသောက်အုံးနော်။ကြည့်... ရေချယ်က အကောင်းအတိုင်းပဲ ဘာမှမဖြစ်ပါဘူး။
အန်ကယ်စိတ်လျော့ပါ"

"အင်း ဒီကိုလာ"

"ရေအရင်သောက်"

"ဘယ်လိုဖြစ်လို့ ကားမောင်းချင်သွားရတာလဲ"

"ဟီး ... ပြောပြမယ်။အန်ကယ်စိတ်ဆိုးမယ်ထင်လို့ ဒူးတွေပါတုန်နေခဲ့တာ။တကယ်စိတ်မဆိုးဘူးနော်"

HUSBAND:DaddyWhere stories live. Discover now