"ဟုတ်။ခုနထဲကလိုက်လာတာပါ။အစည်းအဝေးလုပ်နေတယ်ထင်လို့ အပြင်မှာစောင့်နေတာကြာပြီ"

"ဝင်ခိုင်းလိုက်ပြီးရောပေါ့။ကလေးကို
တစ်ယောက်ထဲပစ်ထားရသလား"

"မဟုတ်ပါဘူးအစ်ကို။မီးငယ်ကကို မဝင်ချင်တာပါ"

"ငါသိပြီ ။ အခုရော ..."

"ဟိုဒင်း ... "

အနောက်ကိုငဲ့ကြည့်ကာ အင်တင်တင်ဖြစ်နေတာမို့ ထင်လင်းသိုက်ကိုယ်တိုင် ထိုနေရာကိုကြည့်လိုက်မှ ငြိမ်ငြိမ်ကုတ်ကုတ်လေးဖြစ်နေတဲ့ မီးငယ်ကိုမြင်လိုက်ရ၏။

"မီးငယ် ... လာလေ ဒီလာထိုင်"

"ဟိုက်"

ခေါ်တဲ့သူကလည်း ပေါင်ကိုပုတ်ပြကာလာထိုင်ခိုင်းသလို သွားတဲ့လူကလည်းသွားထိုင်လေတာမို့ ကိုကောင်းအဖို့ခေါင်းသာကုတ်မိတော့သည်။

"အင်း ဘယ်လိုဖြစ်လို့ ကိုကောင်းနဲ့ပါလာတာလဲ။ အိမ်မှာပျင်းနေပြီလား...ဒါဆို နောက်ရက်ကစပြီး အတန်းတတ်ရမယ်"

"ဟင့်အင်း အန်ကယ်ကောင်းနဲ့လိုက်လာတာဟုတ်ပါဘူး"

"ဒါဆို"

"ကားတိုက်ခံရတာပါဆရာ"

"မီးငယ်လား။ဘယ်နားထိခိုက်သွားသေးလဲ။ ဘယ်သူကတိုက်တာလဲ...နာနေလား။ကလေးရယ် ဘယ်လိုဖြစ်ရတာလဲ"

"ဟို မီးငယ်မဟုတ်ဘူးအစ်ကို။တိုက်ခံရတာ ကျွန်တော်ပါ"

"သြော် ... မသေဘူးမလား"

"ဗျာ !!"

"ထိခိုက်မိတာရှိလို့လား"

"ကားကပြန်ပြင်ရမယ်အစ်ကို"

"တိုက်သွားတဲ့လူကိုမှတ်မိလား"

"မီးငယ်ပါ"

"ဒီကလေးက မင်းကားကိုတိုက်တယ်။
မဖြစ်နိုင်တာ ကိုကောင်း"

"ဟုတ်ပါတယ်အစ်ကို။မီးငယ်ကိုယ်တိုင် ကားမောင်းလာတာပါ။ကိုနဂါးရဲ့ဧည့်သည် အေဇင်လည်းပါပါတယ်"

"ဘာ ! ကားမောင်းတာက မီးငယ်"

"ဟုတ်...ဟုတ်ပါတယ်အစ်ကို"

ထင်လင်းသိုက်မျက်နှာက ခုနကနဲ့မတူပဲ ပြောင်းလဲသွားသလို အခန်းတွင်းလေထုကလည်း ချက်ချင်းအေးစက်သွား၏။

HUSBAND:DaddyWhere stories live. Discover now